Have a nice day all friends 💞
ယနေ့တော့ သမီးလေး ၏ နှစ်သစ် ပထမဆုံးလ ခရီးသွား အမှတ်တရပုံများကို မျှဝေရင်း ဒီမှာ သိမ်းဆည်းလိုက်ပါတယ်။
မြန်မာ့ရိုးရာ ရှင်ပြုနားသ အလှူတော် က အပြန် လမ်း နေကြာခင်း မြင်ရတော့ သမီးကို အမှတ်တရဓာတ်ပုံရိုက်ပေးဖြစ်ခဲ့ပါတယ်။
အားလပ်ရက်တရက်ယူကာ သမီးကို ကစားကွင်း လိုက်ပို့ဖြစ်ခဲ့တယ်။
မန္တလေးမြို့ ၆၂ လမ်း ပေါ်က မနောယမံ ကစားကွင်းမှာပါ။
သမီးငယ် ကစားနေတာကို ကြည့်ရင်း အမှတ်တရ ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။
မိဘ ဆိုတော့ သားသမီးတွေ ပြုံးပျော်နေလျှင် ကျေနပ်နေတတ်တာပါပဲ။
သားသမီးတွေ ကြီးကာ အရွယ်ရောက်လာလျှင် ငယ်ငယ်က ဘယ်ဆီ လိုက်ပို့ပေးခဲ့တယ်ဆိုတာ ပြန်သတိရစေဖို့ အမှတ်တရ သိမ်းဆည်းထားရပါတယ်။
ဒါတွေက မိဘဝတ္တရားတွေပါ။
သားသမီးတွေ အပေါ် ဝတ္တရား ကျေပွန်အောင် ကြိုးစားရင်း ချစ်ခြင်းမေတ္တာတွေ ပေးနေရတာပါပဲ။
ခေတ်ကာလ နိုင်ငံရေး မကောင်းတော့ ခရီးဝေး မသွားဖြစ်ပါဘူး။
မန္တလေးမြို့ ကိုတောင် လတိုင်း ရောက်ဖြစ်ဖို့ မလွယ်တဲ့ကာလပါပဲ။
ဒီလို အခြေအနေမှာ ရသလို ဖြစ်သလိုလေး သားသမီးတွေကို ပျော်အောင် ဖြည့်ဆည်းပေးရတာပါပဲ။
အားလုံး ပျော်ရွှင်ကြပါစေ။