ကျန်းခန့်သာလို့ မာကြပါစေ။
အိမ်မှာနေရင်း အမှတ်တမဲ့ရိုက်ယူထားတဲ့ ချစ်သမီးလေး၏ ပုံပါ။
သမီးငယ်လေး ပြုံးရွှင်နေတာ မြင်ရတော့ မိဘဖြစ်သူ ကျွန်တော် ပျော်ရတာပေါ့။
သမီးငယ်၏ ဒေါ်လေး မင်္ဂလာဆောင်တုန်းက ရိုက်ပေးထားတဲ့ အမှတ်တရဓာတ်ပုံ။
သမီးငယ်၏ ဖိုးဖိုး နှင့် အတူ အမှတ်တရ။
တနယ်ဆီဝေးနေရတဲ့ ဖိုးဖိုး ကို အန်တီငယ် မင်္ဂလာပွဲမှာ တွေ့ဆုံရတုန်း ကပ်ချွဲနေတဲ့ သမီးငယ်၏ အပြုံးအရယ်။
ဒီလအတွက် အမှတ်တရ သိမ်းဆည်းခြင်း အဖြစ် ဒီမှာ တင်ထားလိုက်ပါတယ်။