အားလုံးပဲ မဂ်လာပါလို့ ပထမဦးဆုံး နှုတ်ဆတ်လိုက်ပါတယ်။ ကျွန်တော်က HIVE-Myanmarရဲ့ အဖွဲ့ဝင်သစ်တစ်ယောက်ပါ။ကျွန်တော် ဟာ အဖွဲ့ဝင်သစ်တစ်ယောက်ဖစ်လို့ ပထမဦး ဆုံး ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆတ်ပေးချင်ပါတယ်။
ကျွန်တော် နာမည်က မျိုးမြင့်အောင်ပါ ၊ နာမည်အရင်းပါပဲ။ ကျွန်တော်က မကွေးတိုင်း၊ချောက်မြို့နယ်စလေမြို့ကပါ။(ဒီထဲမှာ စလေက သူငယ်ချင်းတို့ကောရှိလား)😊 ။
စလေဆိုတာ စာဆိုတော် ဦးပုညရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။ဧရာ၀တီမြစ်ရဲ့ နံဘေးမှာတည်ရှိလို့ စိုက်ပျိုးရေးနှင့် ကုန်သွယ်မှု့မှာ အဆင်ပြေချောမွှေ့ပါတယ်။စလေမှာ နာမည်ကြီးတာတွေကတော့ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတွေနက် စလေ ဇီးသီးတို့ကြောင့် လူသိများပါတယ်။
သမိုင်း၀င် မြို့ဖြစ်တာမလို့ နိုင်ငံခြားသားခရီးသည်တွေလည်း လာရောက်လည်ပတ်ပါတယ်၊၊ထို့ကြောင့် နိုင်ငံခြားဝင်ငွေ တစ်ဖက်တစ်လမ်းလည်း ရစေပါတယ်။
စလေ ရှေးဟောင်း ရုပ်စုံကျောင်းတော် ကြီးဟာလည်း ၊ အနုစိပ် ရှေး လက်ရာတို့ကြောင့် တန်ဖိုးမဖြတ်နိုင်ပေ။ဂျပန်နိုင်ငံ၏အကူညီနှင့် ဆောက်လုပ်ထားသော၊ စလေ အမှတ် ၁ ၊ သဘာဝဓာတ်မြေသြဇာစက်ရုံကြီးဟာလည်း ၊ မြို့ခံ လူထုအတွက် အလုပ်အကိုင်အတွက် အဆင်ပြေစေသလို ၊ တစ်ဖက်မှလည်း တောင်သူလယ်သမား၊ ကုန်သည်တို့အတွက် အားထားရာဖြစ်ပါပေတယ်။
ဒါကတော့ ကျွန်တော့ရဲ့ ဇာတိမြေအကြောင်းကို ၊ကျွန်တော်သိသလောက်ပြောပြထားတာဖြစ်ပါတယ်။
Cryptoနှင့်HIVEလုပ်ဖစ်လာပုံ
ကျွန်တော်ကတော့ ၂ ငါးလုံး သပိတ် မတိုင်ခင်ထိ၊ ရန်ကုန်မှာ networkingပိုင်းနက် အလုပ်လုပ်နေသောဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။နိုင်ငံရေးကြောင့် ၊ ရောဂါကြောင့် ယခုလက်ရှိမှာတော့ ၊ အလုပ်လက်မဲ့ဖစ်နေပါတယ်။😢
ထို့ကြောင့် cryptoကို သူငယ်ချင်းတစ်ယောက် မိတ်ဆတ်ပေးရာမှ၊ ယခုဆိုလျှင် HIVEအကြောင်းကိုပင် စတင်သိရှိလာ၍၊ HIVEကို စတင်အသုံးပြရန်စိတ်အားထက်သန်လာပါတယ်။လက်တွဲခေါ်ဖို့ရန်လည်း စီနီယာ HIVE ဝါရင့် ညီအကိုများကို ဒီနေရာက ကျေးဇူးပြု၍ တောင်းဆိုလိုက်ပါတယ်။😊Cryptoလောကကို ၅လပိုင်း ၂၀၂၁မှစတင် လေ့လာခဲ့ကာ၊ စုစုပေါင်း cryptoမှ $2000ထိ ရှာနိုင်ခဲ့ပါတယ်။ ဒါကလည်း စီနီယာ အကိုအမများးကျေးဇူးကြောင့်ဆိုလျှင် မှားမည် မဟုပ်ပါ။
ဝါသနာ နှင့် နေ့စဥ် အလုပ်
ကျွန်တော်နေ့စဥ် လုပ်လေ့ရှိတဲ့အလုပ်ကတော့ Moba game နှင့် P2E gameတချို့ဆော့ပါတယ်။သတင်းဖတ်တယ်၊ အသစ်သစ်သော နည်းပညာများကို လေ့လာတယ်။မိဘလည်းကူညီတယ်။ရုပ်ရှင်ကြည့်ပါတယ်😊။ဘဝရဲ့နေ့စဥ်အချိန်တိုင်းမှာ ပျော်ပျော်ရွှင်နေထိုင်ဖို့ဟာလည်း၊ အရေးကြီးတာကြောင့် ပျော်ရွှင်စာနေပါတယ်။သူငယ်ချင်းတို့လည်း ပျော်ပျော်ရွှင်ရွှင်နေကြပါ။ဘ၀ဆိုတာ တိုတောင်းတာမို့၊ စိတ်ကောင်းလေးမွေးမြူပါ၊ မိမိ တတ်နိုင်လျှင်၊ မိမိအောက် နိမ့်ကျသော သူများအား ရိုင်းပင်းကူညီကြပါလို့ ကျွန်တော်က စကားလက်ဆောင်ပါးလိုက်ပါတယ်။😊
နိဂုံးချုပ်အနေနက် HIVE-Myanmar Groupက ညီအကိုမောင်နှစ်မများ ၊အချင်းချင်း supportပေးဖို့ ထပ်မံတောင်းဆိုပါတယ်။ကျွန်တော့်ကိုFollowလုပ်ပေးသူများကိုလည်း Followလုပ်ရတာနက် ချက်ခြင်းလုပ်ပေးပါမည်။votingနှင့်commentsများလည်း အချင်းချင်းပေး၍ အတူတူလက်တွဲလုပ်ဆောင်သွားရန် ကျွန်တော့်ဘက်မှ မျော်လင့်လျက်ရှိပါသည်။ပထမဆုံးအရေးသားမို့၊အမှားပါလျင် ခွင့်လွှတ်ပေးရန်လည်း၊ ကျေးဇူးပြု၍ တောင်းဆိုလိုက်ပါသည်။
ချစ်ခြင်းများစွာဖြင့်~~~
Myo Myint Aung