ညကတိတ်ဆိတ်လွန်းနေသည်။ အချိန်က ည ဆယ်နာရီ လောက်ဖြစ်မည်။ 3 idoids ဇာတ်ကားကြည့်အပြီး အိပ်မယ် ဟန်ပြင်တော့ ခွေးတစ်ကောင်အစပြုပြီး ဟောင်သံ အူသံ ဆူဆူညံအသံတွေကြောင့် အိမ်ရှေ့ထွက်ကြည့်မိသည်။
ခွေးတွေက တောင်ဘက်စူးစူးကိုကြည့်ပြီး စူးစူးဝါးဝါး ထိုးဟောင်နေ၍ မိမိလည်း အိမ်ပေါ်ဝရန်တာမှ ထွက်ကြည့်မိသည်။ သစ်ပင်တွေကွယ်နေ၍ ဘာမှမမြင်ရ။
ခွေးအူသံတွေပိုဆိုးလာသည်။
ထိုအချိန်လမ်းလယ်ခေါင်တည့်တည့်တွင် သားအဖနှစ်ယောက် တောင်မှ မြောက်သို့ သုတ်သုတ် သုတ်သုတ်ဖြင့် လျှောက်လာသည်ကိုတွေ့ရသည်။ ဖခင်ဖြစ်ဟန်တူသူက အပေါ်ပိုင်းဗလာဖြင့်ပုဆိုးတိုတို၊ သုံးနှစ်အရွယ်ခန့် သားကကိုယ်တုံးလုံးဖြင့် ဘယ်ကိုမှမကြည့်ဘဲ သွားနေသည်။
ဆက်ပါအုံးမည်...