မဂ်လာပါ။

ဒီနေ့တော့ တစ်နေကုန် အလုပ်များနေခဲ့သည်။ အချိန်များကုန်သွားသည်မှာ မြန်သည်ဟုပင်ထင်မိလိုက်သည်။ ညနေစောင်းလို့ အင်တာနက်လိုင်းဖွင့်မည်စိတ်ကူးကာမှ ဖုန်းက အားကုန်နေပြန်သည်။ အလုပ်များ၍ အားသွင်းရန်မေ့လျော့နေခြင်းပင်။ သို့နှင့် အချိန်အတော်ကြာ ဖုန်းအားသွင်းနေရင်းမှ စိတ်မရှည်နိုင်ဖြစ်လာတော့သည်။
ဘက်ထရီအား အနည်းငယ်နှင့် ဖုန်းဖွင့် အင်တာနက်ဖွင့်ကာ ဟိုက်ဘလော့ချိန်းပေါ်သို့ အပြေးလွှား တက်ကြည့်မိ တော့သည်။ ကျနော်လိုဖြစ်အင်မျိုး ဟိုက်အဖွဲ့သားများလည်းကြုံဖူးကြမည် ထင်သည်။ အချိန်တန်လို့မှ ဟိုက်ဘလော့ချိန်းပေါ်မရောက်ရလျင် ဆေးငတ်နေသော ယင်းထသည့် ဆေးသမားလို ဖြစ်နေရတော့သည်။
ဟိုက်ပလက်ဖောင်းပေါ် ရောက်သည်နှင့် ပထမဆုံးတွေ့လိုက်သည်က ကိုဟင်၏ binance ဘာလဲ၊ ဘယ်လဲဆိုသည့်ပိုစ်က ကျွန်တော့အား အထူးဆွဲဆောင်နေတော့သည်။ ကျွန်တော်သည် binance အကောင့်အား ဖွင့်ထားခဲ့သည်မှာ ကြာခဲ့သော်လည်း အကောင့် verifyလုပ်ခြင်းအား ကျရှုံးနေခဲ့သည်မှာ အကြိမ်ကြိမ်ရှိခဲ့ချေသည်။ ထို့ကြောင့် ကိုဟင်က binance အကြောင်းပိုစ်တင်တော့ စိတ်ဝင်စားမိခြင်းအား တားမရဆီးမရ ပိုစ်ကို အမြန်ဖွင့်ကာ ဖတ်မိတော့သည်။
အံမယ်မင်း ဖတ်မိပါလေမှ ပို၍စိတ်ဆင်းရဲရ တော့သည်။ ကိုယ်မှ အကောင့်အတည်ပြုရန် လျောက်ထားကြိုးပမ်းနေချိန်တွင် သူက မတည်ငြိမ်သော အဆင့်ကိုရောက်ရှိနေချေပြီ။ ကိုဟင်၏ တင်ပြထားသော အချက်အလက်များအရ တရုတ်အင်ပါယာ၏ crypto လောကကို လက်ဝါးကြီးအုပ်လိုသော အကျင့်ဆိုးအား သတိထားမိလိုက်သည်။ တရုတ်သည် သူ့နိုင်ငံအတွင်းတွင်တော့ Crypto Currencyကို အထူးတားမြစ်ထားသော်လည်း သူ့နိုင်ငံသားများက အွန်လိုင်းပေါ်တွင် သူတပါးနိုင်ငံအထိ ကျူးကျော်ကာ စီးပွားရေး လက်ဝါးကြီးအုပ်နေသည်ကိုကား မသိယောင်ပြုကာ နေလေသည်။

တရုတ်၏ ငါကောင်းသူသေ စနစ်ကို သတိထားမိကြသော နိုင်ငံကြီးများက သူတို့(တရုတ်)စီးပွားရေး ဈေးကွက်များအား စတင်၍ သပိတ်မှောက်နေကြသည်။ ထို့ကြောင့်ပင် binanceသည်လည်း တစ်ခုအပါအဝင် ကန့်သတ်ပိတ်ပင်ခြင်း ခံရခြင်းဖြစ်နိုင်သည်။
ခုချိန်ခါတွင် တရုတ်သည် အရှေ့တောင်အာရှကို စိုးမိုးထားလိုသော အကျင့်ဆိုးအား နိုင်ငံတိုင်းမှ ကောင်းကောင်းသိလာသည့်အတွက် မိမိတို့နိုင်ငံပေါ်လစီနှင့် မကိုက်သော တရုတ်စီးပွားရေးတို့အား စတင်ပိတ်ပင်ကြတော့သည်။
ဤသို့ဆိုလျင် တရုတ်ကြီး၏ အင်ပါယာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျွန်တော်တို့ လက်တွေ့အခြေနေတွင် binance အား ဆက်လက်ယုံကြည်၍ မရနိုင်တော့ချေ။ အရှေ့အာရှကျားတစ်ကောင်ဖြစ်သည့် စက်ာပူလိုသော်မှ သူ့အား ပိတ်ပင်လိုက်လျှင် ကျွန်တော်တို့ မြန်မာများ အထူးသတိထားရတော့မည်။ ဆိုလိုသည်မှာ များမကြာမီ binanceအကောင့်ပိုင်ရှင်များမှ မိမိတို့ရှိငွေများအား အမြန်ထုတ်ယူကြတော့မည်။ ကံဆိုးလျှင်မိမိစုဆောင်းထားသည်များအား ပြန်ထုတ်မရဖြစ်လာလျင် ကျွန်တော်တို့ သာဆုံးရှုံးရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ကျွန်တော်အနေနှင့် အကြံပေးလိုသည်မှာ မိမိတို့၏ Cryptoငွေကြေးတို့အား အခြားစိတ်ချရသော အိတ်ချိန်းဆိုက်တစ်ခုခုအား အမြန်ပြောင်းရွှေ့ကြရန် တိုက်တွန်းအပ်ပါသည်။ ဤနေရာတွင် ကျွန်တော်တစ်ခု မေးမြန်းလိုသည်မှာ Verifyမဖြစ်သေးသော binanceအကောင့်တွင် ရှိနေသော Crypto ငွေကြေးများအား ထုတ်ယူလို့ ရနိုင်ပါသလား သိလိုပါသည်။ အကြံပြုချက်အား ကွန်မန့်တွင် ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တောင်လုပ်မြောက်လုပ်နှင့် ကျွန်တော်၏ ဘယ်ရီဖိုင်းမဖြစ်သော အကောင့်ထဲတွင် BUSD နှင့် BNB အနည်းငယ် စုဆောင်းမိနေပါသဖြင့် ထုတ်ယူလို့ရလျှင် Hiveဝယ်ယူထားလို၍ဖြစ်သည်။
အကိုဟင်၏ ပိုစ်အား အခြေခံ၍ ကျွန်တော်၏ ကိုယ်ရေးကိုတာသို့ ဆွဲယူ အကူညီတောင်းခံမိသည့် ကျွန်တော့ပိုစ်အား သည်းခံ၍ အားပေးကြပါရန် တောင်းပန်အပ်ပါသည်။
မြန်မာဟိုက်ကွန်မြူနတီအဖွဲ့သားများ ကျန်းမာချမ်းသာ၍ ဟိုက်တိုကင်များ ပိုင်ဆိုင်နိုင်ကြပါစေ။
