ဘတ်မိသားစုနှင့် Doe
အချိန်ကာလက ဆယ်စုနှစ် တစ်ခုအလွန်မှာပါ
ပညာဒါနပြုသူ ဆရာအရိုင်းစျာန်ကြောင့်
Coraldraw ကို ပထမအပတ်စဉ်ပါ
သင်ခွင့်ရတယ်
လူအယောက်တစ်ရာကျော်ကို
တတိန်တိန် တဂွမ်ဂွမ်နဲ့
Messagerကြီး အဟမ်းခံ
Hawaiဖုန်း စုတ်သွားတာခံပြီး
သင်ခဲ့ကြတယ်
ပျော်စရာကြီးပါဘဲ
အဲ့ကနေ ဝါသနာတူ
ဘတ်မိသားစုလေး ရရှိခဲ့ပါတယ်
အခုည လေးလေး/နိုင်းနိုင်းဘတ်က
Memoryလေး ပြန်shareတော့
တစ်ယောက်ကိုတစ်ယောက်ကူဖို့
အဆင်သင့်ခဲ့ချိန်တွေ
ပြန်ပြောင်း အောက်မေ့မိပါရဲ့
ကိုယ့်ကို နေပူမရှောင်
မိုးရွာမရှောင်အလုပ်လုပ်တဲ့ အစ်ကိုထီက
လုံးဘတ်ရဲ့ အိမ် မီးထဲပါတော့
အဲ့အချိန်က ငွေ ၂သိန်းတောင် ကူမယ်လုပ်လို့ ကြားကနေ ကိုယ်က ဟနိ့ပြီး
ပမာဏ လျော့ပြီး ကူခိုင်းရတယ်
အကုန် ဝိုင်းကူကြတာ
လိုင်းပေါ်က ခင်တော့
ဘယ်သူက ဘာ background ကဆိုတာ
မသိဘဲ ကူပဲ ကူခဲ့ကြတာ
ဒီအဖွဲ့မှာ အကြီးဆုံးပေမယ့်
အရိုးဆုံးက လေးလေးပေါ့
အငယ်တွေကိုလည်း ချစ်တယ်
ဘာလိုလို ကူညီတတ်တာက
ကိုအေးမင်းကြီးပဲ
ဖုန်းအပြောင်းနိုင်ဆုံးက
နေကြီးပဲ
သူက အခု ဒုက္ခဆိုတာ နင်လားဟဲ့ဆိုပြီး
အကောင်းဆုံးရှင်သန်ပြနေသူကြီးပါပဲ
ကလောနဲ့တောင်ကြီးပေမယ့်
မတွေ့ဖြစ်ကြတာက မမနန်းပဲ
သူတို့လေးတွေက
ကျွန်တော့အတွက် ရင်ထဲနွေးစေခဲ့သူတွေပါ
ကိုဗစ် ကိုစစ်ရဲ့လှိုင်းဒဏ်တွေ
အံ့တုကြရတဲ့အချိန်မှာ
ကိုယ်စီ ရှင်သန်ဖို့ ကြိုးစားကြရင်း
မခေါ်မပြောဖြစ်ကြပေမယ့် မမေ့ပါဘူး
ဆရာရဲ့ ကျီစယ်မှုကို
ဘလိုင်းကြီး ကိုယ့်ပါ စိတ်ကောက်ပြီး
အဆက်အဆံမလုပ်တော့တဲ့
မမလုံးကိုလည်း
စိတ်မကောင်းရုံပါပဲ
ဘဝအကြမ်းတွေကနေ
သာသနာပြုနေပြီဖြစ်တဲ့
အစ်ကိုထီ တစ်ဖြစ်လဲ
ဆရာ ဧကံသ ဗျာကရ တို့
မိသားစုနဲ့ အဆက်အသွယ်
ပြတ်နေကြပေမယ့်
သူတို့လည်း ကိုယ့်ကို မမေ့ဘူးဆိုတာ
သိနေပါတယ်လေ
ဘဝတစ်ကွေ့က
အမှတ်တရများ
အောက်မေ့လျက်
Doe
22-8-2025
The Butt Family and Doe”
It was more than a decade ago.
Thanks to the kindness of our teacher, U Aye Chan,
we got the chance to learn CorelDraw in the very first week.
There were more than a hundred people,
learning bit by bit, with constant effort,
even enduring lost phone balances
and Messenger data struggles.
But it was so much fun.
From there, I gained a small family of like-minded friends —
the Butt Family.
Tonight, when Lay Lay / Naing Naing Butt shared a memory,
I was reminded of the times
when we were always ready to help one another.
Brother Htee, the one who worked tirelessly
under the hot sun and pouring rain,
once had a fire at his house.
At that time, he said he would contribute even 200,000 kyats to help,
but I stopped him and asked to reduce the amount.
Everyone joined in to help.
On the online group, we didn’t know
who came from what background.
We just helped, without hesitation.
In this group, the eldest but also the most straightforward one
is Lay Lay.
And he loves the younger ones dearly.
The one most eager to help, no matter what,
is Ko Aye Min Gyi.
The fastest to respond on the phone
was Nay Gyi —
he would say, “Is trouble really bigger than you?”
and always encouraged us to be strong.
Though we lived in Kalaw and Taunggyi,
we strangely never met Ma Nan.
All these friends
held a warm place in my heart.
When the waves of Covid hit us hard,
each of us struggled to survive in our own way.
Even though we didn’t call or talk much anymore,
I never forgot them.
Because of a teacher’s harshness,
Ma Lone grew upset with me and cut ties —
that too left me saddened.
Brother Htee, who faced a rough life,
has now turned towards religious devotion.
And Teacher Eikansa Byaka as well.
Though they are no longer in touch with the group,
I know they haven’t forgotten me either.
Life takes us through many turns,
yet these memories
remain unforgettable.
— Doe —
22-8-2025