ဖြိုးရေ
ငါ့အမားက
နင့်ဆိုင်နားက
တိုဟူးကြော် စားမှာနော်
ငါ လာနေပြီ ကော်ဖီဖျော်ထားနော်
တို့ဆိုတာက
ကျွန်တော့်ဘဝမှာ
ပြန်ကြားခွင့် မရတော့တဲ့
အသံတွေပါပဲ
လုပ်ရက်လေခြင်းကွာလို့
ငိုဖို့ မျက်ရည်တွေက
ခမ်းလို့ နေဘီ
ဘာလေးဆို
နင်ကြိုက်တတ်တယ်ဆိုတဲ့အသိကိုလည်း
ပြန် မလွမ်းချင်တော့ဘူး
သတိရစရာတွေက
မနည်းဘူးနော်
ငါတို့ထားခဲ့တဲ့တန်ဖိုးတစ်ခုကို
ရူးချင်ယောင်ဆောင်သွားတာက
ကမ္ဘာမီးလောင်
သားကောင်ချနင်းတာတဲ့လား
ငွေတစ်ခုအတွက်
ဗီလိန်အဖြစ်
နင် ရေးလိုက်တဲ့ဇာတ်မှာ
ငါ ပြုံးပြုံးကြီး
ကပေးနေတယ်
သူငယ်ချင်းရေ
တချိန်က နင်ရဲ့သူငယ်ချင်းက
နင့်ကို သေလူ စာရင်းသွင်းလိူက်ပါပြီဟာ
Tphyoe