ကျနော် က ရှမ်းပြည်ရှေ့ပိုင်း
ကျိုင်းတုံနယ်ဖက်က နယ်မြို့ပိစိကွေးလေးမှာနေပါတယ်ဗျာ
ဟာဒါဆို ကျိုင်းတုံနဲ့နီးတာပဲ(မထင်ပါနဲ့) ကျိုင်းတုံနဲ့၆၈မိုင်
တောင်ကြီးနဲ့ ၂၁၆မိုင်ဝေးပါတယ် တောကျတယ်ပေါ့ဗျာ အင်တာနက်လိုင်းတောင် ကောင်းကောင်းရတာ ၇နှစ်ပြည့်ပြီလားမသိးဘူးဗျ
ခုထိမိုးရွာရင် အင်တာနက်ပြတ်ကောင်းတုန်းဆိုပါတော့
ဒီလိုနဲ့ဗျာ .
၁၅၀၀ဆင်းကတ်တွေလဲရ အဲ့မှာလိုင်းလေးကလဲ 3G
လိုင်းသုံးရင်း စဥ်းစားမိတယ် free ငွေရမယ့် နည်းများရှိမလားပေါ့ fbမှာ ရိုက်ရှာကြည့်တယ် free money myanmar လို့ရိုက်ရှာတော့.
Gpတွေ တွေ့ရတယ်ဗျ အဲ့တော့စူးစမ်းကြည့်တယ်
တကယ်တော့ onlineလူလိမ်တွေလဲရှိတယ်ဆိုတာ ကြားဖူးပြီးသားပါ 😁
Free မန်ဘာဝင်ကြေးဘာညာတွေတွေ့တယ် အဲ့ဒါတွေအများဆုံးပဲ (မိတ်ဆွေတို့ ကြုံဖူးတွေ့ဖူးမှာပါ ဒါတွေ ရှည်ဝေးမပြောတော့ဘူး)
အဲ့မှာ မန်ဘာ ခေါ်သူကောင်မလေးချောချောပုံတင်ထားသူက မန်ဘာဝင်ချင်ရင် ၃သောင်းကျပ်ပေါ့ 😁ကိုယ်က အတတလေဗျာ ဘာလုပ်ပေးရတာလဲမေးတော့ online shop agent လုပ်ရမှာပါတဲ့ orderကောက်ပေးရုံနဲ့တစ်ရက်၃ထောင် ရမှာဆိုပဲ.
အတိုရှုံးရရင် ၃သောင်းလဲ လွှဲလိုက်ရော blockသွားရောပေါ့ဗျာ
ပြောရတာတော့ရှက်မိပါတယ်ဗျာ ကိုယ်က ရိုးတာကိုးဗျ ခုထိလဲ
အူတူတူပါ ဆက်ပြောပြမယ် နောက်ထပ် free ငွေရလမ်းရှာရင်းရှာရင်း game ဆော့ငွေရ
အစီအစဥ်ေတွတွေ့ပြန်ရောဗျို့
ဘာနဲ့ ဘယ်လိုထုတ်ပြီး မြန်မာငွေဘယ်လိုလုပ်ရလဲ
youtubeမှာရှာ တော့
paypalလိုအပ်လာမှန်း
သိလိုက်ရတယ်
အဲ့ကနေ paypalအကောင့်လိုက်ဝယ်ရပြန်တယ် paypalမှာ လဲ ၃၀၀၀လွှဲလိုက် blockသွားလိုက်😁😁😁၂ခါ၃ခါခံလာရတော့ တော်တော်နာကျင်လာတယ် အဲ့မှာ ကိုယ်တိုင်ဖွင့်ဖို့ စဥ်းစားရပြီ ထုံးစံအတိုင်းyou tubeပြေး ဟိုပြေးဒီပြေးနဲ့ နောက်ဆုံးဖွင့်နိုင်ခဲ့တယ် ဒါပေမယ့် usအကောင့်ကြီး😁😁😁နောက်ပိုင်းတော့ thai accountတွေ canadaအကောင့်တွေ
Helf verify ဖြစ်တဲ့အထိ ဖွင့်တက်သွားတယ် ပြီးတော့ gmailရှိသလောက်အားတိုင်းထိုင်ဖွင့်နေခဲ့တယ်ဗျ အဲ့ထိငွေတပြားမှမရဖူးသေးဘူး
Paypal gameတွေကလည်း refaral system ဆိုတော့ ဘာမှမရပါဘူး
စဥ်းစားမိတာတစ်ခုက paypalအကောင့်ဖွင့်ပြီးရောင်းစားရင်ရော?
အဲ့လိုနဲ့ အကောင့်ဖွင့်ရောင်းတာ တစ်လ ၄သောင်း၅သောင်းရတယ်ဗျ😁😁(သူများတွေလို မလိမ်ပဲ အကောင့်အရင်ပေးsystemနဲ့ရောင်းတာပါ ငွေမချေရင်တော့ passချက်ချင်းပြောင်းပစ်လိုက်တဲ့system😁😁)
နောက်တော့ ကိုယ့်လိုပဲ paypalဖွင့်ရောင်းသမားတွေများလာတာတွေ့ရတယ် အဲ့တော့ ကိုယ်လဲ မလုပ်တော့ဘူးဆိုပြီး airdopတွေ လိုက်ဖတ်တယ် လျှောက်ကလိတယ် အဲ့ကနေ ဘာမှမရပဲ ၃လ ၄လ လောက် လုပ်လာလိုက်တာ wallet airdop ၃ခုလောက်နဲ့ ကြုံမှငွေရဖူးတော့တယ်ဗျာ ခုလဲ ကိုယ်ကြိုက်တာလေးတွေ တွေ့ရင် လုပ်နေဆဲပါ ခုတော့ကျနော်
Cryptoကိုကျွမ်းကျင်မနေပေမယ့်
တက်ယောင်ကားအဆင့်ကနေ လှုပ်ရှားနေပါတယ်😁😁
wallet တောင် မဖွင့်တက်သေးတဲ့
အဆင့်ကနေ swap တွေ tradeတွေ သိဖို့ ဆိုတာက နည်းနည်းတော့ ေ
အမေးအမြန်းထူရတာပေါ့ဗျာ
ပညာလိုပမာသူဖုန်းစား ဆိုသလိုပဲ
ကျနော်မရှက်တက်ပါဘူး အဆဲခံပြီးလျှောက်မေးနေဆဲပါ
အကိုများဆရာများကိုလည်း တစ်သက်မမေ့ပါဘူး
hive လမ်းကြောင်းပေါ်က
ညီကိုတွေကိုပြောချင်တာက ကျနော် အားလုံးနဲ့ရင်းနှီးချင်ပါတယ်ကျနော်သိတာလေးတွေကိုလည်းမျှဝေချင်ပါတယ် အမှားတွေပါရင်လဲတောင်းပန်ပါတယ်