ဒီနေ့ ကျနော့် မွေးနေ့ပါ
၄၃ နှစ် ပြည့်တာပါ
၃၄ နှစ် ပြန်ဖြစ်သွားရင် ကောင်းမလားပဲ
မတတ်နိုင်ဘူးလေ ၄၃ နှစ် ဆိုတော့လည်း
၄၃ နှစ်ပေါ့
၄၃ နှစ်မြောက် မွေးနေ့မှာ အမှတ်တရ
လုပ်ဖြစ်တာကတော့ နှစ်လုံးထီကို
၄၃ R တစ်ထောင်ဖိုး ထိုးထားတာပါပဲ
ပေါက်ရင်တော့ အမျိုးတွေကို
မုန့်လိုက်ကျွေးမယ် မပေါက်ရင်တော့ Sorry ပါ
မွေးနေ့ ကိတ်ကတော့ AI နဲ့ပဲ လုပ်လိုက်တယ်
မုန့်တိုက်မှာ သွားလုပ်ရင် သုံးလေးသောင်း
ကုန်မှာစိုးလို့ ဟဲဟဲ
ဒါပေမယ့် အိမ်နားက
ဈေးသယ်လေးတွေကိုတော့ နန်းပြားသုတ်
လုပ်ကျွေးလိုက်ပါတယ်
ဒါပါပဲ မွေးနေ့က ထွေထွေထူးထူး မရှိပါဘူး
ဘယ်မှလည်း မသွားဘူး တက္ကစီခတွေ
ဈေးကြီးလို့ တာ့တာနော်
Voters တွေ အားလုံးကို ကျေးဇူးတင်လျှက်🙏🙏🙏