ဓါတ်ပုံ AI
အမေ့ဆီက စိတ်ပုတီး တစ်ခုကို လုယူထားတယ်
သစ်သားနဲ့ လုပ်တဲ့ ပုတီးကို စိတ်ချင်လို့
အမေ့ကိုတော့ ကျောက်စိမ်း အပေါစားနဲ့ လုပ်တဲ့ စိတ်ပုတီးကို ပေးလိုက်တယ်
အရဟံ အခေါက်ရေ သိန်းပေါင်း တစ်ထောင် ရွတ်မလို့ပါ
ထီသိန်းတစ်ထောင် ပေါက်အောင်လို့လေဗျာ
ပေါက်ပေါက်ရှာရှာ တွေးမိတဲ့ အတွေးလေးပါ
အရဟံ ပုတီးစိတ်လို့ သိန်းပေါင်း တစ်ထောင်ရတယ်ဆို ဘယ်သူ အလုပ်လုပ်တော့မလဲ
ပုတီးပဲ ထိုင်စိတ်နေမှာပေါ့
အရေးကြီးတာက ပုတီးစိတ်နေတဲ့ အချိန်မှာ ကိလေသာတွေ လျော့ပါးနေတယ်
လောဘ ဒေါသ မောဟ တွေကနေ ကင်းကွာပြီး စိတ်ငြိမ်းချမ်းမှုကို ရနေတယ်
ဒါက အဓိကပါ လူဆိုတာက စိတ်ကို ဒီအတိုင်း ထားရင် စိတ်က ကိလေသာကလွဲပြီး တခြား မတွေးဘူး
ကိလေသာတွေ များလာတဲ့အခါ လူက စိတ်ပင်ပန်းလာတယ် ဒီတော့
အရဟံ ကိလေသာ ခပ်သိမ်း ကင်းဝေးတော်မူသော မြတ်စွာဘုရားဆိုပြီး စိတ်က နှစ်နှစ်ကာကာ ရွတ်လိုက်ရင် ကိုယ့်ရဲ့ လောဘ ဒေါသ မောဟ မာန်မာနတွေ လျော့ပါးသွားတယ်
အဟမ်း အဟမ်း ရေးရင်းနဲ့ တရားဟောဆရာ လေသံပေါက်လာပြီ ထင်တယ်
လောဘ ဒေါသ မောဟ မာန်မာန ကြီးသူတွေက ဘဝမှာ တာရှည်ခံတဲ့ အောင်မြင်မှုကို မရနိုင်ပါဘူး
အောင်မြင်နေတဲ့ လူတွေကို ကြည့်ရင်လည်း သူတို့ဟာ လောဘ ဒေါသ မောဟ မာန်မာန အတ္တ တစ်နည်းနည်းနဲ့ နည်းပါးနေကြသူတွေသာ ဖြစ်တယ်။
ဒီတော့ အရဟံ စိတ်ပုတီး စိတ်ပြီး ကိလေသာ လျှော့ချဖို့ ကြိုးစားကြပါစို့
ဆရာလုပ်တာ မဟုတ်ပါဘူးနော် တွေးမိတာလေးကို မျှဝေတာပါ
ဘယ်ပြောရမလဲ အရဟံ စိတ်ပုတီးစိတ်ပြီး အခေါက်ရေ သိန်းပေါင်းတစ်ထောင်ပြည့်ရင် Hive Power သိန်းပေါင်း တစ်ထောင် ပိုင်ချင်ပိုင်လာမှာပါ
အခုတော့ Hive Power က တစ်ရာကျော်ပဲ ရှိသေးတယ် ပုတီးစိတ်တာလည်း တစ်ပတ် ၁၀၈ ခေါက်ပဲ
ရှိသေးတယ် ကွိကွိကွိ
တစ်နေ့နေ့ပေါ့