အာဂလိပ်ဆင်း သိပ်မကျွမ်းတဲ့ ကောင်လေး တစ်ယောက်က စားသာက်ဆိုင် လာထိုင်သည်။
စားပွဲထိုးက Are you ready to order? (အစားအသောက် မှာဖို့ အသင့် ဖြစ်ပြီလား။) ဘာမှာမလဲ စသဖြင့် မေးတယ်။
ကောင်လေးက Water, please. ရေပဲပေးပါလို့ ပြန်ပြောလိုက်တယ်။
ဒီအခါစားပွဲထိုးက Would you like it cold? ရေက ရေအေးလား။ (ရေခဲရေ လိုချင်တာလား) လို့ ပြန်မေးပါတယ်။
ဒီအခါ ကောင်လေးက ရေရိုးရိုး (အပူ မဟုတ် အအေး မဟုတ်) လိုချင်တာကို ပြန်မပြောတတ်ပေ။
ဒါကြောင့်Natural water, please လို့ ပြန်ဖြေပါတယ်။
သူဆိုလိုချင်တာက ရေကို အပူပေး အအေးခံ ထားတာမဟုတ်တဲ့ သဘာဝအတိုင်း လိုချင်တယ်လို့ ဆိုလိုချင်တာပါ။
ဒီအခါစားပွဲထိုးက နားမလည်ပေ။ ဒါကြောင့် You mean tap water? ဘုံဘိုင်ခေါင်းက ရေလားလို့ ပြန်မေးလိုက်ပါတယ်။
ကောင်လေးက သောက်ရေ လိုချင်တာဖြစ်တော့ No, no ဘုံဘိုင်ခေါင်းကရေ မဟုတ်ပါဘူး လို့ ပြန်ပြောတယ်။
ဒီတော့မှ စားပွဲထိုးက နားလည်သွားပြီး You mean room temperature water? အခန်းအပူချိန်အတိုင်းရှိတဲ့ သောက်ရေလားလို့ မေးလိုက်ပါတော့တယ်။
ထိုအခါမှ ကောင်လေးက ဟုတ်တယ် ဟုတ်တယ်လို့ ခေါင်းညိတ်လိုက်ရပါတော့တယ်။
ကဲကဲ ဘာတွေ ရေးမိနေလဲတောင် မသိတော့ဘူး။
မျှဝေချင်တာကတော့ ရေကို cold water ရေအေးမဟုတ် hot water ရေနွေးမဟုတ် ရေရိုးရိုးလို့ ပြောချင်ရင် ကောင်လေးပြောသလို Natural water လို့ သွားမပြောရပါဘူး။
Room temperature water လို့ ပြောမှ နားလည်ပါမယ်။
ကျေးဇူးတင်ပါတယ်။ ဖတ်ရှုသူ အားလုံး ကပ်ကြီး ၃ ပါး ဘေးမှ လွတ်ကင်းကြပါစေ။