Hive မြန်မာ လူ့အဖွဲ့အစည်းထဲမှာတော့ ဆေးလိပ်သောက်တတ်တဲ့လူ မရှိလောက်ဘူး ထင်ပါတယ်
ကျနော်က ဆေးလိပ်ဂျိုးပါ မကောင်းမှန်းတော့ သိပါတယ် ဒါပေမယ့် မဖြတ်နိုင်သေးပါဘူး
တကယ်တမ်း စဉ်းစားကြည့်တော့လည်း ဆေးလိပ်က ဗီလိန် ဖြစ်လာတာ ၁၉၉၀ နောက်ပိုင်းလောက်မှ စတာပါ
ဆေးလိပ်ကို ပျူခေတ်ကတည်းက ပျူလူမျိုးတွေ သောက်လာခဲ့တာပါ ဆေးတံပေါ့
ကဗျာတို့ စာတို့ ထွန်းကားခဲ့တဲ့ အင်းဝခေတ် ပင်းယခေတ်တွေမှာလည်း ဆေးတံတွေ ဘယ်လောက်သောက်ခဲ့တယ် မသိဘူး
ကျနော် ငယ်ငယ်က တံတားဦးနားက စကားအင်း ရွာမှာ အဖေတာဝန်ကျတုန်းက ညနေဘက် လမ်းလျှောက်ရင် မြေကြီးပေါ်မှာ ရွှံ့ကျောက်နဲ့ လုပ်တဲ့ အင်းဝခေတ်က ဆေးတံ အကျိးအပဲ့တွေ ကောက်ရတယ်
အဲ့ဒါတွေ ထူးခြားလို့ အမေနဲ့ အဖေ ကျနော် လိုက်ကောက်တာ ကုန်တယ်ကို မရှိဘူး
အင်းဝခေတ်က စာပေသမားတွေ ဆေးတံဘယ်လောက်သောက်ကြတယ် ဆေးတံယဉ်ကျေးမှု ဘယ်လောက်ထွန်းကားခဲ့လည်း သိနိုင်တယ်
ခုခေတ်ကျမှ ဆေးလိပ်က ဗီလိန်ကြီးကို ဖြစ်လို့
ပျူလူမျိုးတွေလည်း အသက်ရှည်ကြမယ် ထင်ပါတယ်။ အင်းဝခေတ်က လူတွေလည်း ငယ်ငယ်နဲ့ သေတယ် မကြားဖူးဘူး
ကျနော့် အထင်တော့ ဆေးလိပ်ငွေ့က ခြင်ဆေးငွေ့လောက် မဆိုးပါဘူး ခြင်ဆေးငွေ့က ခြင်ပြေးစရာ နေရာမရှိရင် သေတယ်
ဆေးလိပ်ငွေ့ကို ခြင်က စောက်ရေးတောင် မစိုက်ဘူး အမှောင်ထဲ ဆေးလိပ်သောက်ရင် ခြင်က လူကို ကိုက်ကောင်းကောင်းနဲ့ ကိုက်နေမှာပဲ
ဥပမာ အကြော်စုံ ဆိုင်မှာ အကြော်ကြော်လို့ ရှူရတဲ့ ဆီငွေ့လောက်လည်း ဆိုးမယ်မထင်ဘူး
ဆီငွေ့တွေ ခြင်ဆေးငွေ့တွေကို အနှစ် နှစ်ဆယ် သုံးဆယ် ရှူရသူက ဆေးလိပ်ငွေ့ အနှစ် နှစ်ဆယ် သုံးဆယ် ရှူရသူထက် ပိုအသက်တိုမယ် ထင်ပါတယ်
တကယ်တမ်းကျ ဆေးလိပ်ဂျိုး တစ်ယောက်က တစ်နေ့ကို ဆေးလိပ် အလိပ် နှစ်ဆယ် ကုန်အောင်သောက်ပြီး အနှစ်နှစ်ဆယ်ကြာ အသက်ရှင်နေနိုင်သေးပေမယ့်
တခြားအငွေ့ ပလပ်စတစ် ညှော်ငွေ့ မီးသွေး ထင်း ဝါးတွေကို မီးရှို့ပြီး ဆေးလိပ်ရှူသလို ရှူနေရင် အဲဒီလူ တပတ်မကြာဘူး ဆေးရုံရောက်ပါတယ်
သေချာတာတော့ အနှစ်နှစ်ဆယ် မခံပါဘူး
အငွေ့တွေထဲမှာ ဆေးလိပ်ငွေ့က အဆုတ်နဲ့ friendly အဖြစ်ဆုံးပါ တခြားအငွေ့တွေက ဆေးလိပ်လို အဆုတ်ထဲ တိုက်ရိုက်ထည့်ရင် ဆေးလိပ်ထက် ပိုဆိုးပါတယ်
ကျနော်အထင် ပြောတာပါ မသောက်တတ်ရင်တော့ အကောင်းဆုံးပေါ့ သောက်ဖို့လည်း မတိုက်တွန်းပါဘူး
ဆေးလိပ် စွဲသောက်ပြီးတော့ အသက် ၉၀ ကျော်အထိ မနေရမှာတော့ သေချာတယ် ဒါပေမယ့် ၆၀ ၊ ၇၀ လောက်အထိ နေရသူတွေ မြင်ဖူးပါတယ်
ကျနော်က ဆေးလိပ်သောက်ပေမယ့် လူကြားထဲတော့ မသောက်ပါဘူး။ သူများတွေ အဖြစ်သည်းလွန်းတာကို မခံချင်လို့ပါ
အိမ်မှာသောက်ရင်တောင် နွေဆို မိုးဆို အိမ်ရဲ့ တောင်ဘက် ဆောင်းဆို အိမ်ရဲ့ မြောက်ခြမ်းမှာ သောက်ပါတယ်
အိမ်ကလူတွေ ဆေးလိပ်ငွေ့ မခံရအောင်လို့ မြောက်လေ တောင်လေနဲ့ ဆေးလိပ်ငွေ့ ပါသွားတာပေါ့
ကဲ ဆေးလိပ် ဋီကာ ဖွဲ့နေတာ ဆေးလိပ်ငွေ့ မကြိုက်သူတွေက အမြင်ကတ်တော့မယ် တော်မှ ထင်တယ်
မီးခိုးခေါင်းတိုင်ကြီး ကျနော်ကတော့ တချိန်ချိန်ကျ ဖြတ်နိုင်မယ် ထင်ပါရဲ့
အခုတော့ အလုပ်ကလည်းမရှိ၊ အချိန်တွေက အရမ်းပိုနေတော့ အပျင်းပြေ သောက်နေတာပေါ့
ပိုက်ဆံလည်းကုန် ရောဂါလည်းရ ကောင်းပါ့ဗျာ
Vote ပေးသူတိုင်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ