ကိုကိုက မနက်စာကို ခပ်သုတ်သုတ်စားပြီး အလုပ်ကို ထွက်လာပါတယ်။
တနင်လာနေ့ ဖြစ်သဖြင့် အလုပ်ရောက်ရောက်ချင်း အစည်းအဝေး ထိုင်ရပါတယ်။
အစည်းအဝေးမှာ မန်နေဂျာက ကိုကိုကို ပြီးခဲ့တဲ့ သီတင်းပတ်က အရောင်းစာရင်းတွေ စိစစ်ဖို့ တာဝန်ပေးလိုက်တယ်။
အလုပ်စားပွဲမှာ ထိုင်မယ်ရှိတုန်း ဈေးကွက် မန်နေဂျာက ရုပ်သံလိုင်း တစ်ခုခုမှာ ကြော်ညာသွားထည့်ဖို့ ပြောလာပါတယ်။
ကိုကိုက ဈေးကွက် မန်နေဂျာကို Sir, find someone else for this. I have a lot on my plate already.
ဆရာ ဒီအလုပ်အတွက် တခြားတယောက်ကို ရှာခိုင်းလိုက်ပါ။ ကျွန်တော့်မှာ လုပ်စရာတွေ များနေလို့ပါလို့ ပြောလိုက်တယ်။
ဒီတော့ တန်အောင်ခိုင်းတတ်တဲ့ မန်နေဂျာက
What do you have on your plate right now?
အခုမင်းက လုပ်စရာ ဘာအလုပ်တွေ ရှိနေလို့တုန်းလို့ ပြန်မေးပါတယ်။
ကိုကိုက I need to compile last week's sales data. ပြီးခဲ့တဲ့ သီတင်းပတ်က အရောင်းစာရင်းတွေ စုစည်းရဦးမယ်လို့ ပြောလိုက်တယ်။
ဒီတော့ ဈေးကွက်မန်နေဂျာက This can be done the whole week. The commercial is urgent. You must do it today.
အဲဒါက တစ်ပတ်လုံး လုပ်ဖို့ အချိန်ရှိသေးတယ်။ ကြော်ညာက အရေးကြီးတယ်။ ဒီနေ့လုပ်မှ ရမှာလို့ ပြောလာပါတယ်။
So Ko Ko went to consult with a popular television program to do their commercials.
ဒီတော့ ကိုကိုက နာမည်ကြီး ရုပ်သံ အစီအစဉ် တစ်ခုနဲ့ တွေ့ပြီး ကြော်ညာ ထည့်ပေးလိုက်ပါတယ်။
After that, Ko Ko came back home with an empty peaceful plate since the sales data compilation can be done leisurely.
ပြီးနောက်မှာတော့ အရောင်းစာရင်း စုစည်းတာကို အေးအေးဆေးဆေး လုပ်နိုင်သည်ဖြစ်ရာ ကိုကိုမှာ အရေးတကြီး အလုပ်မရှိတော့ဘဲ အိမ်ကို လွတ်လပ်ပေါ့ပါးစွာ ပြန်လာပါတော့တယ်။
ဒီမှာ have a lot on somebody’s plate ဆိုတာ very busy. အလုပ်တွေ များနေတယ်လို့ ဆိုလိုပါတယ်။
အဲဒါကိုပဲ I have an empty plate. တို့ have nothing on my plate တို့ဆိုပြီး
အစားထိုးသုံးနိုင်ပါတယ်။
.