ညီညီက ကော်ဖီဆိုင်ကို မိုးကာအကျီဝတ်ပြီး ထွက်လာပါတယ်
ကော်ဖီဆိုင်ရောက်တော့ ညီညီက မိုးကာအကျီ ချိတ်စရာ နေရာ ရှာပါတယ်
ချိတ်တစ်ခုကို တွေ့သဖြင့် ချိတ်ကို အင်ဂလိပ်လို မပြောတတ်သဖြင့်
Can I hang my raincoat on this thing?
ကျနော့် မိုးကာအကျီကို ဒီအရာမှာ ချိတ်လို့ရမလားလို့ ချိတ်ကို လက်ညှိုးထိုးပြီး ဆိုင်ရှင်ကို မေးလိုက်တယ်
ဒီတော့ ဆိုင်ရှင်က
Yes, you can hang your raincoat on the hook.
မင်းရဲ့ မိုးကာအကျီကို အဲဒီချိတ်မှာ ချိတ်လို့ရပါတယ်လို့ ဖြေလိုက်တယ်။
ဒီနောက် ဒိုးနပ်မုန့် မှာချင်ပေမယ့် အင်ဂလိပ်လို မပြောတတ်ပေ
ဒီတော့ ညီညီက I would like those round cakes.
ကိတ်မုန့် အဝိုင်းလေးတွေ လိုချင်လို့ပါလို့ ပြောလိုက်တယ်
ဒီတော့ ဆိုင်ရှင်က You mean donuts?
ဒိုးနပ်မုန့်ကို ပြောတာလားလို့ မေးလိုက်တယ်
ညီညီက အဲဒီတော့မှ သတိရပြီး
Yes, yes, I mean donuts လို့ ပြောလိုက်တယ်
ဒီလိုနဲ့ ဒိုးနပ်မုန့် နှစ်ခုစားပြီး မိုးကာအကျီ ပြန်ဝတ်ကာ အိမ်ပြန်လာခဲ့ပါတော့တယ်
Hang ချိတ်သည်
Raincoat မိုးကာအကျီ
Hook ချိတ်
Donuts ဒိုးနပ်မုန့်