လေးဖြူသီချင်း
ကက်ဆက် ဖွင့်တော့လည်း အချစ်အကြောင်း
ဝတ္ထုမဖတ်လိုက်နဲ့
ရုပ်ရှင်သွားကြည့်တော့လည်း အချစ်အကြောင်း
မဂ္ဂဇင်း မဖတ်လိုက်နဲ့ ပျင်းဖို့ကောင်းတယ်
ခင်ဗျားတို့ရဲ့ အချစ်ကြောင်း
ကက်ဆက်ခွေတွေ ခေတ်စားတုန်းက သီချင်းပါ
ခင်ဗျားတို့ အိမ်မှာ ကက်ဆက် အဟောင်း အစုတ်တွေ ကျန်သေးလားဗျ
ကျနော်ရဲ့ Sanyo ကက်ဆက်လေးက ပျက်သွားတာ အဟောင်းအစုတ် ဝယ်တဲ့လူကို ရောင်းလိုက်မိတယ်ဗျာ
ခုပြန်လိုချင်တာ ဝယ်မရတော့ဘူး
ဖွင့်လို့မရလည်း Vintage style လေးနဲ့ အိမ်မှာ အလှ သိမ်းထားချင်လို့ဗျာ
ဒါပေမယ့် ကက်ဆက်ခွေတွေကတော့ ကျန်သေးတယ်
ဒါတောင် အဖေက အိမ်မှာရှုပ်တယ်ဆိုပြီး လွှင့်ပစ်ချင်တာ ကျနော်က ရန်ဖြစ်ပြီး မနည်း သိမ်းထားရတယ်
စတိုခန်းထဲ ထည့်ထားတာ ခုပြန်ထုတ်ပြီး showcase ထဲထည့်မလို့ဗျာ
ပုံမှာကြည့်ပါ ကျနော် နှစ်ဆယ်ကျော်သက်က ဝယ်စုဆောင်းခဲ့တဲ့ ကက်ဆက်ခွေတွေ
Music Plug က ထုတ်တဲ့ ခိုးကူးခွေတွေပေါ့ဗျာ
ငယ်ငယ်တုန်းက အရူးထခဲ့တာပါ အင်ဂလိပ် သီချင်း ခံစားတတ်ရင် ခေတ်မီတယ်အထင်နဲ့ပေါ့
အကုန်လုံး အင်ဂလိပ် အခွေတွေချည်းပဲ တော်တော် ရူးခဲ့တဲ့ ငါပါလား
ဒါတွေက ၂၀၀၀ ကနေ ၂၀၁၀ ခုနှစ်ထိပါပဲ နောက်တော့ အင်တာနက်တွေ ပေါ်လာတော့ ခွေဝယ်စုတဲ့ အလုပ် မလုပ်တော့ဘူး
Wifi တွေ မရသေးတော့ သီချင်းတွေကို ဒေါင်းလုပ် လုပ်ပြီး စတစ်ထဲ ထည့်သိမ်းပြန်ရော စတစ်နဲ့ ဖွင့်တဲ့ စပီကာလေးနဲ့ နားထောင်ပေါ့
ခုတော့ ဖုန်းနဲ့ပဲ နားထောင်တော့တယ် Bluetooth နဲ့ချိတ်ပြီး Hive Myanmar လူ့အဖွဲ့အစည်းက ဆရာတွေ ကက်ဆက်ခွေ အလွမ်းပြေ ကြည့်ရအောင်လို့ပါ
Vintage ပစ္စည်း အနေနဲ့ပေါ့
ဒါပါပဲဗျာ ဖတ်ရှုပေးလို့ ကျေးဇူးပါ