အိမ်က ရှားစောင်းလက်ပတ်ပင်က အိုးထဲမှာ အပင် သေးသေးလေးတွေ အများကြီး ထွက်လာပြီး ကျပ်နေတယ်
ဒါကြောင့် ထွက်နေတဲ့ ရှားစောင်းလက်ပတ် အပင် သေးသေးလေးတွေကို ဆွဲနှုတ်ပြီး တခြားအိုး တစ်ခုနဲ့ စိုက်ဖို့ ကြံတယ်
ငွေချွေတာချင်တာက တစ်ကြောင်း ကမ္ဘာမြေကြီးကို ပလပ်စတစ် ကင်းစင်စေဖို့က တစ်ကြောင်း ခေါက်ဆွဲဝယ်စားတုန်းက ရထားတဲ့ ပလပ်စတစ် ခွက်ကို အိုးအဖြစ် သုံးဖို့ကြံတယ်
အောက်က ရေဆင်းဖို့ အပေါက်ဖောက်တယ် မြေကြီးကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြက်ဥအခွံတွေကို ထောင်းထားတဲ့ အမှုန့်နဲ့ ရောတယ်
ကြက်ဥအခွံလည်း အလဟသ မဖြစ်ရအောင် ပြီးတော့ သောက်ပြီးသား ကော်ဖီကြမ်းမှုန့် အချိုခြောက်မှုန့်တွေနဲ့ ထပ်ရောတယ်
အဲဒါကို မြေဩဇာအဖြစ်ပေါ့ဗျာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ရှင်မရှင်တော့ တစ်လလောက် စောင့်ကြည့်ရမှာပဲ ရှားစောင်းလက်ပတ်က အမေနဲ့ အဖေ ဆေးအဖြစ် စားဖို့ပါ
အမေ့အတွက်က အစာအိမ်ရောင်တာ သက်သာစေဖို့ အဖေ့အတွက်က ဝမ်းမှန်စေဖို့
ထန်းညက်ရေနဲ့ ရောပြီး ရှားစောင်းလက်ပတ်နဲ့ ရောကြိုတာပါ
ဘာရယ်မဟုတ်ဘူး အလုပ်မရှိ လိပ်ဥ သန်းရှာတာပေါ့ဗျာ ရှားစောင်းလက်ပတ် ဝယ်ရင် တစ်ပင် ၅၀၀၀ ပေးရတယ်
ပိုက်ဆံမကုန်ဘဲ သောက်ရမလားလို့ တစ်ပင် ၅၀၀၀ က သောက်ရင် တစ်ပတ်လောက်ဆိုကုန်ပြီ ရေခဲသေတ္တာထဲထည့်ထားတော့ မပုပ်ဘူး
ကျနော် စိုက်ထားတဲ့ ရှားစောင်းလက်ပတ်ပင် ပုံကို ရိုက်ပြလိုက်ပါတယ်
How to grow aloe vera plant cost efficiently ဆိုပြီး စာအုပ်ထုတ်ရင် ကောင်းမလားပဲ ဟဲဟဲ
ဒါပါပဲဗျာ vote ပေးသူတိုင်းကို ကျေးဇူးတင်လျှက်