အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်နောက်ဆုံး နှစ်ကြိမ် sim တိုကင်ကို hive engine နဲ့ tribaldex မှာ မဝယ်ပဲ၊ Beeswap မှာပဲ ဝယ်ဖြစ်ခဲ့တယ်။
ဒီမနက် sim ဝယ်ယူမယ့်အနေအထား ကို tribaldex မှာ ကြည့်ကြည့်ရအောင်။ အောက်ကပုံကို ကြည့်ရင် နောက်ဆုံးရောင်းထားတဲ့ စျေးက 1. 0.00059340 ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ချက်ချင်း ဝယ်မယ်ဆိုရင်တော့ အဲစျေးနဲ့ ရမှာ မဟုတ်ပါဘူး။ 2. အရောင်း အော်ဒါကခေါ်စျေး 0.00062 နဲ့ ဝယ်ရမှာပါ။ အဲဒီစျေးနဲ့ မဝယ်ချင်ရင်တော့
- အရောင်း အော်ဒါတင်ထားရမှာပါ။ အရောင်းအော်ဒါမှာ အများဆုံးတင်ထားတဲ့ စျေးက 0.000593 ဆိုတော့၊ ကိုယ်က သူ့ထက်စျေးအနည်းငယ်ပိုပေးပြီး တင်ထားရမှာပါ။ ဒီနေရာမှာ မိတ်ဆွေအနေနဲ့ စောင့်နိုင်တယ်ဆိုရင်တော့ အဝယ်အော်ဒါကို တင်ထားနိုင်ပါတယ်။ အဝယ်အော်ဒါတင်တဲ့ နေရာမှာလဲ ကိုယ့်ထက်စျေးပိုပေးနိုင်တဲ့သူပေါ်လာနိုင်တာမို့ ကိုယ့် အော်ဒါ အမြန်ရအောင် မကြာ မကြာ ဝင်စစ်ရပါတယ်။ ဒီလိုမှ မဟုတ်ဘူး ချက်ချင်းဝယ်မယ်ဆိုရင် ဒီဘက်က အရောင်းအော်ဒါစျေး 0.00062 နဲ့ ဝယ်ရတော့မှာပါ။ ဒါဆိုရင် နောက် ရွေးခြယ်စရာ အနေနဲ့ beeswap ကို တစ်ချက်ကြည့်ရအောင်။
Beeswap မှာ ဝယ်လို့ရတဲ့စျေးက 0.00059735 ဖြစ်နေတာကိုတွေ့ရမှာပါ။ နောက်ဆုံး အရောင်းအဝယ်ဖြစ်တဲ့ စျေး (0.00059340) ထက်တော့ အနည်းငယ်ပိုပေမယ့် tribaldex ကခေါ်စျေး (0.00062) ထက်တော့ သက်သာနေတာကို တွေ့ရမှာပါ။ အဲဒါကြောင့် ကျွန်တော် sim ကို ချက်ချင်း ဝယ်ဖို့ဆိုရင် Beeswap ကိုပဲ ရွေးတော့မှာပါ။ စျေးကတော့ အပြောင်းအလဲ ရှိနေမှာမို့ မိတ်ဆွေတို့ ဝယ်မယ်ဆိုရင်တော့ တစ်ခုစီကို ဝင်ကြည့်ပြီး ချိန်ဆ နိုင်ပါတယ်။
- Beeswap မှာ တိုကင် အားလုံး မရှိပေမယ့် ကျွန်တော်တို့ သုံးတဲ့ DEC, SPS, sim, weed, etc. တွေကို ဝယ်ယူလို့ရပါတယ်။
- နောက်တစ်ခုက Beeswap သုံးတဲ့အခါ vpn ဖွင့်မှ အဆင်ပြေတာကိုတော့ တွေ့ရပါတယ်။
- အောက်ပါဆိုက်ကနေ ဝင်နိုင်ပါတယ်။ https://beeswap.dcity.io/swap
-အဲဒီမှာကို လှဲလှယ်မဲ့ တိုကင်နှစ်ခုကို ရွေးခြယ် ဝယ်ယူရုံပါပဲ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
Updated : Beeswap ကနေ မဝယ်လဲ tribaldex က diesel pool ကနေ swab လို့ ရပါတယ်။ နှစ်ခုက အတူတူပါပဲ။