အားလုံးမင်္ဂလာပါ။
ဒီတစ်လော အသိဉာဏ်ပိုင်းတိုးတက်ခွင့်ရတယ်လို့ပြောရပါမယ်။
ပထမအကြောင်းကတော့ တရားနာခွင့်ရလို့ပါပဲ။ တောင်ကြီးမြို့မူလမင်းကွန်း ကျောင်းမှာ လာရောက်ဟောကြားသွားတဲ့ ဟဲဟိုးဖားအောက်ဆရာတော်ရဲ့ တရားကြောင့်ပါ။
ဆရာတော်ရဲ့တရားက နှစ်ရက်စာ စုစုပေါင်း လေးနာရီကြော်ကြာဆိုတော့ အားလုံးကိုတော့ ပြန် မပြောဖို့ အချိန်မရပါ၊ စိတ်ဝင်စားရင်တော့ တရားအစအဆုံးကို Facebook ဖားအောက်တောရ စာမျက်နှာမှာ သွားရောက်နာယူနိုင်ပါတယ်။
ဆရာတော်ဟောတဲ့ တရားထဲက သိရှိလိုက်ရတာက ကျွန်တော် သွားတာက ဝိပဿနာ ယာနိက မို့ ခေါင်းစခြေဆုံး ဓါတ်ကမဌါန်းကို ရှုရမယ်၊ ဆက်ဆက် ရှု သွားရင် ဘယ်အဆင့်ထိရောက်မယ်ဆိုတာကို သိခွင့်ရပါတယ်။ ကိုယ်ကိုယ်တိုင်ကလဲ ဦးဂိုအင်ကာ တရားစခန်းသင်ကြားခဲ့ရတဲ့အတိုင်း ခေါင်းစခြေဆုံးရှုနေတာမို့ ကိုယ့်အတွက် ရှေ့သွားရမယ့် လမ်းကို သိလိုက်ရပါတယ်။
နောက်တစ်ခုကတော့ NLP သင်တန်းကနေ သိခဲ့ရတဲ့ map of consciousness ပါပဲ။ ဒီ ပုံကို အရင် ကတွေ့ဖူးသိဖူးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမြင်တာကတော့ ဒီပုံကို လမ်းကြောင်းတစ်ခုအနေနဲ့ အောက်ကနေ အပေါ်ကို ဆန်တက်ဖို့ ကြိုးစားရမယ်ဆိုတာရယ်၊ နောက်တစ်ခုက ကိုယ်က ဦးဂိုအင်ကာတရားစခန်းက သင်ကြားခဲ့ရတဲ့အတိုင်း သတိ+ဥပက္ခါ နဲ့ ကြည့်တတ်လာတာမို့ ကိုယ်ကိုယ်တိုင်က ပုံအောက်ဖက်က ခံစားချက်တွေကို ပယ်ဖျောက်နေပြီး အထက်ကို တက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။
(photo credit to original creator)
ဒီလိုတိုးတက်လာတာနဲ့ ကျွန်တော်တို့ရဲ့ အဆင့်က 5D ဘက်ကို တိုးတက်သွားမှာ ဖြစ်ပါတယ်။
photo credit: https://www.instagram.com and my NLP class
ပုံထဲက 5D ထဲက enlightment ဉာဏ်ပွင့်လင်းတာ၊ peace အေးချမ်းတာ၊ joy ပျော်ရွင်တာ၊ love မေတ္တာတရားစတာတွေဟာကျွန်တော့် အမြင်အရ မေတ္တာ၊ ဂရုဏာ၊ မုတိသာ၊ ဥပက္ခါ စတာတွေနဲ့ ဆင်တူ နေတယ် ထင်ပါတယ်။
ကျွန်တော်တို့ ခံစားချက်တွေကို ပြန်ကြည့်ရင် အောက် 3D ကခံစာ:ချက်တွေ ရှိနေသေးရင် အထက် 4D ကို သွားလို့ မရပါဘူး။ ဥပမာ လူတစ်ယောက်ကို မုန်းတီးတဲ့ ရှိနေသေးသရွေ့ သူ့ကို မေတ္တာထားလို့ မရနိုင်သေးပါဘူး။ မုန်းတီးတဲ့ စိတ်က နေ -> မချစ်မမုန်းတဲ့ စိတ် အဲဒီကနေ -> မေတ္တာစိတ် စသည်ဖြင့် ပြောင်းလဲ ရတာပါ။
ဒီလို မချစ်မမုန်းတဲ့ ဥပက္ခါစိတ်ကိုတော့ လယ်တီဆရာတော် နည်းစနစ်နဲ့ လေ့ကျင့်ပေးတဲ့ ဦးဂိုအင်ကာ တရားစခန်းမှာ ဝိပဿနာ ရှုရင်း လေ့ကျင့်နိုင်ပါတယ်။ ဒီလို မချစ်မမုန်းတဲ့ စိတ်ကနေ မေတ္တာစိတ်ဖြစ်အောင်တော့ ကိုယ့်စိတ်ကို ပြန်ပြီးမွေးမြူရတာပါ။
နိဂုံးချုပ်အနေနဲ့ ပထမဆုံး ကိုယ်ဘာလဲ ဘယ်သွားနေလဲဆိုတာသိဖို့ လိုသလို
သိပြီးရင်လဲ ပုံမှန်ဆက်လက် လျောက်လှမ်းသွားဖို့လိုတဲ့ အကြောင်း ရေးသားရင်းနိဂုံးချုပ်ပါတယ်။