မင်္ဂလာပါ။ ကျွန်တော်တို့ စံပြဂရုဏာ ဆေးဆိုင် Blog မှ ကြိုဆိုပါတယ်။ ဒီ Blog ပေါ်ကနေ နေ့စဉ် ဆေးပညာ နှင့် ပတ်သက်တဲ့ ဗဟုသုတများ ဆေးဝါး အကြောင်းများကို တင်ဆက် ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ Hive platform ပေါ်မှာ ကျွန်တော်တို့ မြန်မာ လူမျိုး များဝင်ရောက်ရေးသားမှု နည်းပါးနေသေးပေမယ့် များမကြာခင် Hive platform အောင်မြင်လာမှုနဲ့ အတူ မြန်မာ လူမျိုး အများအပြားဝင်ရောက်လာကြမယ်လို့ မျော်လင့်ရတဲ့ အတွက် စံပြဂရုဏာ ဆေးဆိုင် အနေနဲ့ ကြိုတင်ပြီး Blog ဝင်ရောက်ရေးသားကာ ဆေးပညာ ဗဟုသုတ ကျန်းမားရေးဆိုင်ရာ အသိပညာများ ဝေငှပေးလိုရင်း ဖြစ်ပါတယ်။
လက်ရှိ အချိန် မှာ စံပြဂရုဏာ ဆေးဆိုင် အနေဖြင့် Facebook page ကိုလည်း ပြင်ဆင်နေပြီး များမကြာမှီ အချိန်မှာ Hive blog နဲ့ Facebook page များကနေ တပြိုင်တည်း ရေးသားဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ မိမိသိလိုတဲ့ ဆေးပညာရပ်ဆိုင်ရာ ကျန်းမားရေးဆိုင်ရာများကိုလည်း Comment မှာ ဝင်ရောက်ရေးသားခြင်းဖြင့် မေးမြန်းစုံစမ်းနိုင်ပါတယ်။
ကျွန်တော်တို့ စံပြဂရုဏာ ဆေးဆိုင်အား အမှတ် ၃၃ ( B ) ပြည်သူ့ကွက်သစ် (၁) လမ်း / မုန့် ( တောင်ရပ်ကွက် ) စမ်းချောင်းမြို့နယ် / ရန်ကုန်မြို့ တွင် ဖွင့်လစ်ထားပါတယ်။ လမ်းကြုံရင်လည်း ဝင်ရောက်အားပေးနိုင်ပါတယ်။
ကျေးဇူးအထူးတင်ပါသည်။
Sanpya Kayunar Pharmacy