မိတ်ဆွေများ ခင်ဗျာ ...
ပထမဆုံး ပို့စ်လေးဖြင့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ရပါသည်။
စိတ်ရင်းအတိုင်း ပြောပါမည်။ ယခင်က Bitcion ကို ကြားဖူးနားဝ ရှိသော်လည်း ယုံကြည်မှု မရှိခဲ့ပါ။ ဒီကနေ့မှာတော့ ခရစ်တိုကို ပစ်ပယ်ထား၍ မရတော့ဟု ယူဆမိပါသည်။ ထို့ကြောင့် ဒီဂျစ်တယ်ငွေကြေး နည်းပညာနောက်ကို ဂူးဂဲလ်ခေါက် လိုက်လာရင်း Hive platform ပေါ်ကို ရောက်ရှိလာခဲ့ပါသည်။
Hive ပေါ်တွင် စာတိုပေစ ရေးသားမှုဖြင့် ခရစ်တို ဆုကြေးများ စုဆောင်းနိုင်သည်မို့ ဝမ်းသာရပါသည်။ စတင်သုံးစွဲသည့် အချိန်ဖြစ်သည်မို့ Hive လမ်းပေါ်တွင်စမ်းတဝါးဝါး ဖြစ်နေပါသေးသည်။ ထိုက်သင့်သော အချိန်တခုယူ၍ လေ့လာခြင်းဖြင့် ဂဃနဏ သိလာလိမ့်မည်ဟု ယုံကြည်ပါသည်။
ယခု ပို့စ်အောက်တွင် ကောမန့်လေးများရေးခြင်းဖြင့် မိမိကို ပြန်လည်၍ နှုတ်ခွန်းဆက်နိုင်ပါသည်။ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။