ဂဏန်းတလုံးစီအကြောင်းကို ရေးရသည်မှာ စာဖတ်သူများအတွက် ငြီးငွေ့ဖွယ်ဖြစ်မည်ကို စိုးပါသည်။ သို့သော် ဂဏန်းတို့၏ ပင်ကိုယ်သဘောသဘာဝများကို လေ့လာမှတ်သားခြင်းသည် သင်္ချာဗေဒတွင် အခြေခံကျသော သင်ခန်းစာ ဖြစ်ပါသည်။
၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။
ယခုပို့စ်တွင် (6) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။
(6) ဂဏန်းသည် ကျောင်းဆရာ၊ မြို့ပြလုပ်သား၊ ဆရာဝန်၊ သူနာပြု၊ အလှအပ ပြင်ဆင်မွမ်းမံသူ၊ အချက်အပြုတ် ကျွမ်းကျင်သူ (စားဖိုမှူး) ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။
(6) ဂဏန်း၏ အပြုသဘော - Constructive
- တာဝန်ယူတတ်ခြင်း
- တေးဂီတတွင် ပါရမီပါခြင်း
- အိမ်ထောင်သည်ဘဝကို အလေးထားခြင်း
- အလုပ်အကျွေးပြုခြင်း
- အများအတွက် လုပ်ဆောင်ခြင်း
(6) ဂဏန်း၏ အပျက်သဘော - Negative
- စိုးရိမ်ပူပန်တတ်ခြင်း
- စိတ်ပူပန်မှု လွန်ကဲခြင်း
- ကြော့ကြော့မော့မော့ နေလိုခြင်း
- အငြင်းသန်တတ်ခြင်း
- သူတပါးကိစ္စ ဝင်ရောက်စွက်ဖက်တတ်ခြင်း
(6) ဂဏန်း၏ အဖျက်သဘော - Destructive
- ပင်ပန်းငြီးငွေ့ဖွယ် အလုပ်လုပ်ရတတ်ခြင်း
- အဆိုးမြင်စိတ် ထားတတ်ခြင်း
- မစ္ဆရိယစိတ်ရှိခြင်း
- ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်း
- မိသားစုသားစုတွင်း နိုင်ထက်စီးနင်းလုပ်တတ်ခြင်း
အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။
သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။