မော်ဒန် သင်္ချာဗေဒပညာသည် လူတဦး၏ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ဟောကြားသည့် ဗေဒင်ပညာမဟုတ်၊ လူတဦး၏ အားနည်းချက်နှင့်အားသာချက်ကို ဖော်ထုတ်၍ ဘဝအောင်မြင်ရေးအတွက် အသုံးချကိရိယာ သဘောသာ ဖြစ်သည်ဟု သုံးသပ်လိုပါသည်။
မော်ဒန် သင်္ချာဗေဒ၏ ထူးခြားချက်မှာ ကိန်းဂဏန်းမည်မျှ များပြားစေကာမူ တလုံးတည်းဖြစ်အောင် ပေါင်းစည်း၍ ရလဒ်အပေါ် အဖြေထုတ်ခြင်း ဖြစ်သည်။ သို့သော် ချွင်းချက်အနေဖြင့် ပေါင်းကိန်း ၁၁၊ ၂၂၊ ၃၃ ရရှိပါက ထိုကိန်းသုံးလုံးသည် သီးခြား အဓိပ္ပါယ် ဖွင့်ဆိုချက်များ ရှိနေသောကြောင့် တလုံးတည်းဖြစ်အောင် ပေါင်းရန်မလိုပေ။
ယမန်နေ့က ပို့စ်တွင် ဖော်ပြထားသော ပြည်သူ့မိခင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ နှင့် အမည်နာမကိုပင် ဥပမာအနေဖြင့် တွက်ချက်တင်ပြပေးပါမည်။ ဤတွက်နည်းတွင် မနေ့ကထက်ပို၍ အသေးစိတ်ဖွင့်ဆိုချက်ကို မြင်တွေ့နိုင်ပါသည်။
DD+MM+YYYY
(1+9)+(0+6)+(1+9+4+5)
(10)+(6)+(19)
(1)+(6)+(1)
(8)
AUNG SAN SUU KYI
(1+3+5+7)+(1+1+5)+(1+3+3)+(2+7+9)
(16)+(7)+(7)+(18)
(7)+(7)+(7)+(9)
(3)
AUNG = (7)
SAN = (7)
SUU = (7)
KYI = (9)
(3)
သူ၏ အမည်နာမ တလုံးတည်းရလဒ်မှာ (3) ဂဏန်း ဖြစ်ပါသည်။ သို့သော် ရလဒ် (3) ဂဏန်းမှာ (7)+(7)+(7)+(9) တို့ ပေါင်းခြင်းဖြစ်သောကြောင့် ထိုဂဏန်းများ၏ ဩဇာသက်ရောက်မှုကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ အမည်နာမတွင် (7) ဂဏန်း သုံးလုံး၏ ဩဇာသက်ရောက်မှုကို သတိပြုရန် မမေ့သင့်ပေ။
အမည်နာမကို ပေါင်း၍ရရှိသော ဂဏန်းသည် လူတဦး၏ ယေဘုယျ သဘောသဘာဝများကို ညွှန်ပြနိုင်ပါသည်။ အတိအကျ၊ အသေးစိတ် မဟုတ်သောကြောင့် သင်၏ အမည်နာမ ဂဏန်းဖော်ညွှန်းချက်ကို အသုံးချမည်ဆိုပါက ယေဘုယျအားဖြင့်သာ အသုံးချ၍ ရနိုင်မည်။
အမည်နာမ ဂဏန်းများနှင့် ပတ်သက်၍ အကျဉ်းချုပ် မှတ်သားနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
(၀) ဂဏန်းအားလုံး ကိန်းငုတ်ပါဝင်နေသည်။ ၎င်းကို အားလုံးရှိသည် (သို့မဟုတ်) ဘာမှမရှိဟု ဆိုနိုင်သည်။
(၁) တီထွင်သူ၊ လမ်းသစ်ရှာဖွေသူ၊ ဖန်တီးသူ၊ ဦးဆောင်သူ၊ စတင်လုပ်ဆောင်သူ၊ အတ္တဝါဒီ
(၂) ငြိမ်းချမ်းရေးလုပ်ဆောင်သူ၊ သံတမန်၊ တေးဂီတပညာရှင်၊ စာရင်းအင်းပညာရှင်၊ ရှေ့နေ၊ စာကြည့်တိုက်မှူး
(၃) အနုပညာရှင်၊ ဟောပြောသူ၊ စာရေးဆရာ၊ ဖျော်ဖြေသူ၊ ဟာသစာရေးဆရာ (ဟာသသရုပ်ဆောင်)
(၄) တည်ဆောက်သူ၊ လယ်သမား၊ အစိုးရဝန်ထမ်း၊ နိုင်ငံရေးသမား၊ စက်မှုပညာရှင်
(၅) ခရီးသွားသူ၊ သင်္ဘောသား၊ စုံစမ်းထောက်လှမ်းရေး၊ စိတ်ပညာရှင်၊ စွန့်စားလုပ်ဆောင်သူ၊ စာရေးဆရာ
(၆) ကျောင်းဆရာ၊ မြို့ပြလုပ်သား၊ ဆရာဝန်၊ သူနာပြု၊ အလှအပ ပြင်ဆင်မွမ်းမံသူ၊ အချက်အပြုတ် ကျွမ်းကျင်သူ (စားဖိုမှူး)
(၇) တွေးခေါ်သူ၊ ဒဿနပညာရှင်၊ စိတ်ပညာရှင်၊ ပြီးပြည့်စုံသူ၊ စာရေးဆရာ၊ ကျောင်းဆရာ
(၈) ခွဲခြမ်းစိတ်ဖြာလေ့လာသူ၊ စီမံခန့်ခွဲသူ၊ စည်းရုံးရေးမှူး၊ စီးပွားရေးတိုးမြှင့်စေသူ၊ ရှေ့နေ၊ ဘဏ်လုပ်ငန်းရှင်၊ စာတည်း
(၉) ဒုက္ခရောက်နေသော ဆင်းရဲသားများကို ကူညီထောက်ပံ့သူ၊ ခရီးသွားသူ၊ ဝေဒနာကုသသူ၊ လူသားတို့၏ အကျိုးဆောင်ရွက်သူ၊ ဆရာဝန်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဝန်ကြီး
(၁၁) စိတ်ကူးယဉ်သူ၊ ဟောပြောသူ၊ ဘာသာရေးလုပ်ဆောင်သူ၊ စိတ်စွမ်းအားရှင်၊ စာရေးဆရာ၊ သံတမန်
(၂၂) အပြည်ပြည်ဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုဝါဒကို ယုံကြည်လုပ်ဆောင်သူ၊ လက်တွေ့တည်ဆောက်လုပ်ဆောင်သူ၊ သံအမတ်၊ သံတမန်ဝန်ထမ်း၊ သမတ၊ ဥက္ကဌ
(၃၃) ဘာသာရေး အထွတ်အမြတ် ပုဂ္ဂိုလ်၊ တရားပေါက်မြောက်အောင်မြင်သူ၊ ဆရာသခင်၊ တလောကလုံး၏ ဦးဆောင်ပုဂ္ဂိုလ်
မော်ဒန် သင်္ချာဗေဒပညာကို စိတ်ဝင်စားပါက မိတ်ဆွေတို့၏ မွေးနေ့နှင့် အမည်နာမများကို ကိုယ်တိုင်တွက်ချက်ကြည့်နိုင်ပါသည်။ မော်ဒန် သင်္ချာဗေဒသည် ပို့စ်တခုတည်းအနေဖြင့် အပြီးအပြတ် ရေးသားနိုင်သော အခြေအနေ မရှိခြင်းကြောင့် ဆက်လက်၍ စောင့်မျှော်ဖတ်ရှုကြပါရန် ပန်ကြားအပ်ပါသည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။