အိမ်ကြီးရဲ့ အောက်ထပ်မှာက ခါတိုင်း ဒေါ်ဌေးနဲ့ ဒေါ်တင်အုံးတို့ အပျိုကြီးညီမနှစ်ယောက် အိပ်ကြတယ်။အိမ်ပေါ်မှာက ဖေဖေတို့မိသားစုက တခန်း သူတို့ မွေးစားထားတဲ့ မောင်ငမင်းဆိုတဲ့ လူငယ်လေးက တခန်းအိပ်ကြတယ်။ကနေ့တော့ အမကြီးဖြစ်တဲ့ ဒေါ်တင်အုံးက အပြင်မှာအိပ်ပျော်နေပီး ကျန်နေခဲ့တာပေါ့။ခုလိုနေ့တွေမှာမဟုတ်ဘူး အရင်နေ့တွေတုန်းကလည်း ဒီလိုအိပ်လာတာ ဘာမှမဖြစ်ဘူးမို့လား အဲ့ကြောင့်မို့ အပြင်မှာ ကနေ့အိပ်ပျော်ရာကနေ ပြသာနာကို ဖြစ်စေလာတော့တာပေါ့။
အဲ့ဒါဘာလည်းဆိုရင် ဒေါ်တင်အုံး အိမ်တခါးကိုခေါက်တဲ့အသံတွေရဲ့နောက်မှာ ဓားမြအဖွဲ့က သေနက်နဲ့ထောက်ပီးရောက်ရှိနေခဲ့လေရဲ့။ အိမ်ကြီးရဲ့အပေါ်မှာ နေတဲ့သူတွေက ချက်ချင်းဆိုသလို မရိပ်မိနိုင်ပေမယ့် သူနဲ့ အတူအိပ်နေကြဖြစ်တဲ့ ဒေါ်ဌေးကတော့ အိမ်အောက်ထပ်ဆိုတော့ သူ့အမကြီး အပြင်ဘက်မှာ သဲ့သဲ့ဖြစ်နေတဲ့အသံတွေကြားကတည်းက ၉ပေ ၆ပေကျော်တဲ့ ကုတင်ကြီးတစ်ခုရဲ့ အတွင်းကျကျထောင့်တစ်ခုမှာ တိုက်သုတ်ရိုက် ဆင်းပီး ဝင်ဝပ်နေလေရဲ့။
တထောက်ထောက်နဲ့ ခေါက်နေတဲ့တခါးသံရဲ့နောက်က ဒေါ်တင်အုံးတစ်ယောက်ထဲရှိနေသလို တိတ်ဆိတ်မူကငြိမ်ချက်သားကောင်းနေလှ၏။တစ်ခုခုဆို အမြဲလိုလိုမနေနိုင်လို့ဝင်ပါလာတက်တဲ့ ဖေဖေရဲ့အမေက အဲ့ဒီနေရာမှာ ကနဦးဇာတ်ဆောင်မင်းသမီးများလို အိမ်အပေါ်ထပ်ကနေလှေးခါးဆင်းဖို့ပြင်လိုက်တဲ့အချိန် အဖေကြီးက "အောက်မှာ မဌေးရှိနေတာပဲ ဘာလို့ဆင်းမှာလည်း"မေးလိုက်တော့"တော်ကလည်း ဒီလောက်တခါးခေါက်နေတဲ့အသံမှ သူမကြားတာ အိပ်ပျော်နေလို့ဖြစ်မှာပေါ့"ပြောပြောဆိုဆိုနဲ့ အောက်ထပ်ဆင်းသွားပါလေရော။
လေခါးအဆင်းခြေခုံနဲ့ ဒေါ်ဌေးတို့ အိပ်နေကျဖြစ်တဲ့ ကုတင်ကို အမေတစ်ချက်ကြည့်လိုက်တယ် စိတ်ထဲကတော့ "ဘယ်လိုကြောင့် မဌေးက မရှိတာလည်းပေါ့"အမေတစ်ယောက်စိတ်ထဲမတင်မကျလေးဖြစ်နေခဲ့ပေမယ့်လည်း ထွေထူးမစဉ်းစားမိဘဲ တံခါးကိုသွားပီးဖွင့်ခဲ့လိုက်တော့တယ်။
ပိတ်ထားတဲ့ တံခါးနှစ်ချပ်ရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ တောမုဆိုးတို့ရဲ့ မာယာကျော့ကွင်းထဲ လုံးစင်းချော ပြသာနာမရှိပဲ ပထမဆုံးဝင်ရောက်သွားခဲ့တဲ့သူကတော့ ဖေဖေတို့အမေပဲပေါ့။ဖွင့်လိုက်တဲ့ တခါးနှစ်ချက်တောင် ဟလာရုံလေးပဲရှိတုန်း ဗြုန်းခနဲဆို ဆောင့်ကန်ဝင်လာတဲ့ အရှိန်ကြောင့် အမေကြီးလည်း မြေပြင်ပေါ်ခွေခွေလေးလဲကျသွားလေရဲ့။
မျက်နှာကို အဖုံးစွပ်ထားတဲ့သူတွေထဲမှာ အရပ်ခပ်ထိုက်ထိုက်နဲ့ အသံခပ်အောအောရှိတဲ့လူက"ဘယ်မှာလည်းအဖွားကြီး ခများပစ္စည်းတွေ" လက်ပြန်ကြိုးတုတ်ပီးတွန်းလှဲချရင်း ပြောလိုက်တယ်။ ဒေါ်တင်အုံးလည်း ဓားမြခေါင်းဆောင်၏ ကြမ်းတမ်းတဲ့ အပြုမူတွေကြောင့် အမေကြီးရဲ့ နဘေး ခွေခွေလေးပစ်ကြသွားတယ်။သာမန်လူတွေလို ကျန်းမာကြံ့ခိုင်မူ့အားနည်းတယ်ဆိုပေမယ့်လည်း အကြောက်အလန့်တစ်စက်ကလေးမှ မရှိဘဲ"နင်တို့လိုချင်တာ ငါဆီမှာ ဘာတစ်ပြားမှမရှိဘူး"ဆိုပီး ထိုင်နေရာကနေ ကပ်ကပ်လန်လေသံနဲ့ တစ်ခွန်းပြန်ပြောလိုက်ရော.
."ဆက်ခနဲဆို ပြန့်လှည့်လာပီး "ခများကြီး အသားနာချင်ပီနဲ့တူတယ်"လို့ပြောနေရာကနေ တစ်ခုခုကိုမြင်သွားသလိုနဲ့ အမေကြီးမျက်နှာဆီတည့်တည့်ကြည့်လိုက်တယ်။ ပီးတော့ အဲ့ဓားမြက အမေကြီးရှေ့လာရပ်ပီး"ကောင်မလေး ညည်းမော့စမ်း"လို့ပြောရာကနေ နားက နားကပ်တစ်ဖက်ကို ဖျက်ခနဲဆို အတင်းဆွဲရမ်းဖြုတ်လိုက်တယ်။ဆက်ရန်...
photos by sheinthu
(7/1/2022) fri (9:30)pm