ရှိသေးတယ် အဲ့လက်ဖက်ရည်ဆိုင်မှာ Tea ဖျော်တဲ့ အန်တီနွေးဆိုတာရှိတယ်။အဲ့အန်တီနွေးကတော့ ခူးခူးကိုမြင်တာနဲ့ "ဘာလာလုပ်တာလည်း မုန့်စားပီးရင် ပိုက်ဆံပေးရမှာနော်"လို့ပြောတော့တာပေါ့။ဖေဖေ့တို့သမီးငယ်ကတော့ အန်တီးနွေနဲ့လည်းမခေဘူးဟေ့ တစ်ခွန်းမကျန်ပြန်ပြောတာပဲဟေ့"ပိုက်ဆံမရှိဘူးနော် စားမှာပဲ"တဲ့ ဘယ်ကလာတဲ့ ဘာသွေးလည်းကိုမသိတော့ပါဘူးဖေဖေကတော့ ခေါင်းခဲ။အဲ့ဒါနဲ့ ဟိုက "အန်တီနွေးကို ချစ်လားပြန်မေးပြန်တော့ "ဒီကလည်း အဲ့ဒါကြတော့ ချစ်တယ်တဲ့ ဗျို့။ဖေဖေက သမီးငယ်ပြောနေတဲ့ စကားတွေကိုစဉ်းစားကြည့်လိုက်တော့ အဲ့အချိန်လေးမှာ သူတွေးနေတာဟာ အန်တီနွေးဟာ သူကို့ချစ်လိုစသလို ခူးလည်း အန်တီနွေးကိုချစ်လို့ပြန်စသလိုပဲ လို့အောက်မေ့နေမိတာပေါ့။တကယ်ဆိုသမီးငယ်က အဲ့အချိန်ကတည်းက လူတွေအတော်များများနဲ့ လက်ပွန်းတတီးနေသားကျနေပီဆိုတာ ဖေဖေသိခဲ့လိုက်တယ်ပေါ့။တစ်ခါတစ်ခါဆို အောက်အိမ်ကို ခေါန်မိုင်တို့လာရင် လိုက်လိုက်လာပီး ဒီလက်ဖက်ရည်ဆိုင်မှာ ဆိုင်လာထိုင်နေကြတဲ့လူတွေအကြား သွားသွားလာလာအကျင့်ဖြစ်နေတာပေါ့။
နောက်ထပ်တစ်ယောက်ကတော့ မမဂျာမိုင် နာဂသူပေါ့။သူကတော့ ဒီဆိုင်မှာ သစ်သီးဖျော်ရည်တွေနဲ့ပက်သက်ရင် သူကဖျော်ပေးရတာကို သူကလည်း သမီးငယ်လေးကို မမခင်ဦးလိုပဲအရမ်းချစ်ရှာတယ်။ဒါပေမယ့် မမခင်ဦးကိုတွေ့သလိုမျိုး ခူးခူးကအော်တော့မပေးဘူး မမခင်ဦးက ငယ်လေးကိုချစ်လည်းချစ်သလို အရမ်းလည်းအစသန်တယ်လေ အဲ့ကြောင့်မို့ မမဂျာမိုင်ကတော့ သမီးငယ်လေးကို စိတ်ရှုပ်အောင်လည်းစမပေးဘူး ဆိုင်ရောက်လာရင် သမီးငယ်စားချင်တဲ့ ပန်းသီးတို့ လိမ္မော်သီးတို့ကိုယူလာပီးလည်းပေးတယ်ပေါ့။ဖေဖေထင်ပါတယ် သမီးငယ်က မမဂျာမိုင်ကိုတော့ နေ့စားအချစ်မဟုတ်လောက်ပါဘူးလေ။😅
##(8/12/2021)
ဖေဖေလည်း ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တဲ့လက်တွေ့အကြောင်းလေး ခုတော့ရေးရတော့မယ်ပေါ့ကွယ်။ မနက်ခင်း ၉နာရီ ၁၀နာရီလောက်ထိ ပုံမှန်မုန့်ရောင်းအပီးမှာ ရတဲ့အချိန်လေးမှာ ဖေဖေက ငယ်လေးနဲ့ အတူအချိန်ပေးပီးဆော့ဖြစ်ကြတယ်။ဆော့တာကတော့ အစုံပေါ့ တစ်ခါတစ်ခါ အိမ်မှာရှိတဲ့ တွန်းလှည်းလေးနဲ့ ရပ်ကွက်ထဲလျောက်အလည်ထွက်ဖြစ်ကြတယ် လားရှိုးနေဆိုတော့ အဲ့အချိနမှ နေလို့ထိုင်လို့ကောင်းတုန်းပေါ့ ဖေဖေတို့ဝက်လက်ဖက်မှာတော့ အဲ့အချိန်ဆို နေအတော်မြှင့်နေပီပေါ့ကွယ်။အဲ့လိုနဲ့ အိမ်ပြန်ရောက်ပီဆို သုံးဘီးဆိုင်ကယ်ပေါ်မှာ မိကျောင်းကြီးကစားကြအုံးဆိုလို့ ဖေဖေကလိုက်ဖမ်းပေးရင်းဆော့ကြရတာပေါ့။အဲ့ဒါနဲ့ ၁၁နာရီကျော်လာပီဆိုရင် "ဖေဖေ အောက်ဆိုင်ပြန်အုံးမယ်နော် ငယ်လေး ပေါက်စီလုပ်ရအုံးမယ်လေ"လို့ပြောလိုက်တာနဲ့ အမေ့ဆီသွားတာပေါ့။ အဲ့အချိန်ဆို ကျနော်တို့ အဖွဲ့ကိုခေါင်းဆောင်ပီး ပေါက်စီလုပ်တဲ့ ပလောင်သားလေး ကိုဦးနဲ့ကတစ်ဖွဲ့လုပ်ကြရတာပေါ့။ဖေဖေတို့က လက်သစ်သမားလေးတွေဆိုတော့ သူတို့ပြောထားတဲ့အတိုင်းလုပ်ကြရုံပဲပေါ့။ကိုဦးက ဖေဖေတို့ထက်၇/၈နှစ်လောက်ငယ်မယ်ပေါ့။ဒါမယ့် လူကသာငယ်တာ ပေါက်စီပညာနဲ့ အချို့မုန့်ပညာတွေတက်တာ အတော်စုံတယ်သမီးငယ်။
သူ့အိမ်မှာလည်း သူက လက်ဖက်ရည်ဆိုင်အသေးဖွင့်ထားတာတဲ့ ခုတောင် နိုင်ငံရေးအခြေနေမကောင်းလို့ ရွာမှာမပြန်ဘဲ မြို့ရောက်နေတုန်း ဒီဆိုင်မှာ ဝင်လာလုပ်တာတဲ့။မြို့ရောက်ဆို ကျောင်းကဆရာဖြစ်သင်တန်းမှာ ပထမနှစ်ရောက်နေပီဆိုပဲ အဲ့ဒါတောင် ဒီကြားထဲ သူက သူနာပြုဆေးသင်တန်းတက်ပီးလို့ လားရှိုးမှာ အလုပ်လာဆင်းမယ်လုပ်တော့ နိုင်ငံရေးအခြေမကောင်းတော့ ဆက်မလုပ်ဖြစ်သေးဘဲ ခုဖေဖေတို့ လက်ဖက်ရည်ဆိုင်ကို လမ်းကြုံလို့ဝင်လှည့်လာတဲ့သဘောပေါ့ကွယ်။ခုလည်း သူ့အတွက်ပေါက်စီပညာကရှိပီးသားပေါ့ ဖေဖေတို့ကို ဒီပညာနဲ့ပက်သက်သမျှသူသိသမျှ မကျန်လပ်အောင် အလုပ်လုပ်ရင်း လိုအပ်တဲ့နေရာလေးတွေကိုလည်းပြောပြတာပေါ့။
Photos by sheinthu
(14/2/2022) mon (4:40)pm