ထောက်ထောက်နဲ့ အိမ်အောက်ကလူတွေက ဘာသံလည်းလို့ သိချင်တာနဲ့ ဆက်နားထားနေကြပြန်ရော အဲ့အထဲမှာ မေမေရော ပါတာပေါ့ကွယ်။ခဏနေ နားတွေလည်းပူလာတာနဲ့ မေမေက အိမ်အောက်ကနေထွက်လာပီး အပေါ်မှာ တစ်ထောက်ထောက်နဲ့ ဘယ်သူလုပ်တာလည်း လို့မေးလိုက်တော့မှ အပေါ်မှာ ထောက်မြင့်ဖိနပ်စီးပီး လုပ်ချင်တာတွေလုပ်နေရလို့ ပျော်နေတဲ့ မျက်နှာနဲ့ အောက်ကိုငုံ့ကြည့်သတဲ့။ အဲ့ဒါကိုမသိတဲ့မေမေက "ခူးခူးရေ ဘယ်သူဒေါက်ဒေါက် လုပ်နေတာလည်း မေမေ့ကိုပြောပါအုံး"လို့မေးလိုက်တော့ " ခူးခူးလေ"တဲ့ဆိုပီး အပေါ်ကနေ လမ်းလျောက်ပြလိုက်တော့ အမေဖြစ်သူ အိမ်ပေါ်ပြေးလိုက်တက်သွားတော့တယ်။
ဖေဖေခဏတဖြုတ် သူတို့သားမိအသံ မကြားတော့ဘူး အိမ်ပေါ်မှာဘာဖြစ်နေလည်းပေါ့။ သမီးငယ်ကို ပွေ့ပီးအမေဆင်းလာလာမြင်လိုက်ရတယ်။ သမီးငယ်ကိုကြည့်တဲ့ မေမေအကြည့်က အံ့ဩမူအပြည့်နဲ့ ဖေဖေကိုလာပြောတယ်"ဆရာ မင်းသမီး ဒီအရွယ်ကတည်းက ထောက်မြင်ှ့ဖိနပ်စီးတက်နေပီးသိလား ငါတောင် အရမ်းစိုးရိမ်နေတာ သူစီးနေတာကြည့်ပီး လဲမှာစိုးပီး" ဖေဖေကိုလာပြောပြနေတယ်ပေါ့။ဟုတ်လည်းဟုတ်တာပဲလေ သမီးငယ်က ဒီအရွယ်နဲ့စီးတက်တာကို တခြားကလေးတွေဆို စီးတက်တာ ခုအချိန်ထိတော့ ဖေဖေလည်းမမြင်ဖူးသေးဖူးပေါ့ ။
ညနေလောက်ရောက်တော့ ဖေဖေသမီးငယ်လေးနဲ့ဆေားအပီးမောမောလို့ အဖေ့ရဲ့ ဆွယ်တာအင်္ကျီ အနက်ရောင်ကို ချွတ်လိုက်ပီး အိမ်သာ သွားတဲ့လမ်းမှာရပ်ထားတဲ့ ဆိုင်ကယ်လေးပေါ်မှာ တင်ထားလိုက်တယ်။ခူးငယ်ကတော့ မေနေဲ့အခန်းထဲမှာ အကောင်လေးတွေပါတဲ့ကဒ်လေးတွေနဲ့ ပြရင်းချိုချိုစို့နေတာပေါ့။ဖေဖေကတော့ အင်္ကျီချွတ်ပီး အိမ်သာဖက်ကို ထွက်လာခဲ့တယ်။အိမ်သာနားဝင်ခါနီး ကလပ်အသေးလေးတစ်ခုအပေါ်မှာ ဖေဖေ့ဖုန်းတင်ထားခဲ့တယ်ပေါ့။
(၅)မိနစ်လောက်ကြာတော့ သူတို့သားအမိထွက်လာခဲ့ပီး "သမီးရေ ဒီအနားမှာပဲ ရှုးရှုးပေါက်လိုက်တောနော"အသံတွေဖေဖေကြားနေရပြန်တယ်။နောက်တစ်ခုကြားလိုက်ရတဲ့အသံက ဖေဖေအနေနဲ့ အံ့ဩမူကိုဖြစ်စေတာပေါ့ ဘာလည်းဆိုတော့"ဖေဖေ အိမ်သာထဲမှာ"တဲ့ အဲ့လိုပြောတာကို မေမေက မယုံတဲ့ပုံစံနဲ့ ဖေဖေရှိတဲ့ အိမ်သာဖက်ကို လှမ်းခေါ်ကြည့်မှ ဖေဖေရှိမှန်းသိတာပေါ့။ ဘာကြောင့်ဖေဖေ အိမ်သာထဲမှာရှိတာ သိတာလည်းဆိုတာ ဖေဖေပြန်စဉ်းစားခဲ့ရတယ်။ဖေဖေလည်း သမီးငယ်နဲ့ဆော့အပီး အိမ်သာသွားအုံးမယ်လို့ မပြောခဲ့ပါဘူးပေါ့။ဒါဆိုသမီးငယ်က ဖေဖေအိမ်သာထဲမှာ ရှိတာ ဘယ်လိုသိသွားလည်း အဖြေက တစ်ခုပဲရှိတော့တယ်။
ဟုတ်တယ် လမ်းရဲ့ ပထမနေရာမှာ ဖေဖေအင်္ကျီ ဆိုင်ကယ်ပေါ်တင်ထားခဲ့တယ်။နောက် ဒုတိယနေရာက ဖေဖေ ဘယ်မှာရှိနေလည်းဆိုတာကိုသေချာစေခဲ့တာက အိမ်သာနားကကလပ်ပေါ်မှာ မြင်ခဲ့တဲ့ ဖေဖေဖုန်းပဲပေါ့။သမီးငယ်လည်း ဒီလိုဆုံးဖြတ်လိုက်လို့ ဘယ်သူမှမမေးဘဲ သူတစ်ယောက်ထဲရှုးပေါက်နေရင်း စဉ်းစားလို့ရလာတဲ့အဖြေကို ပါးစပ်ကနေ ထွက်လာခဲ့တာလို့ ဖေဖေတော့ထင်မိတာပဲ။ဒါဟာ တကယ်တမ်းဆို ပဟေဠိဆန်တဲ့ အဖြေတစ်ခုပဲပေါ့။မေမေကတော့ သမီးငယ်ဒီလိုပြောလိုက်လို့ ဘာမှအံ့ဩပုံမပေါ် ပုံမှန်အတိုင်းပဲ သမီးငယ်ကို အခန်းထဲခေါ်သွားခဲ့တော့တယ်။