အားသာချက်တွေကတော့ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့။ digital coinsတွေက ခေတ်မှီလာတယ်လို့ပြောရင် ခုလက်ထဲကိုင်သုံးနေတဲ့ ငွေထက်ပိုပီးအဆင်ပြေတယ်ဆိုမှတော့ အဲ့ထက်အဆင်ပြေစရာ ဘာရှိဦးမလည်းပေါ့။ ငွေစက္ကူလို စုတ်မှာလည်းမပူရဘူး၊ အစိုးရဘဏ်တွေကထိန်းချုပ်ထားခြင်းခံရတဲ့ ငွေတွေကို သူတို့ထုတ်ပေးတဲ့အချိန်မှရသလိုမဟုတ်ဘဲ ၂၄ နာရီ ကြိုက်သလောက် ထုတ် သွင်းတွေလည်းပြုလုပ်နိုင်တယ်ပေါ့။digital coin ဆိုတာကိုက အဓိပ္ပါယ်က ဗဟိုထိန်းချုပ်ထားခြင်းကင်းတဲ့ global ငွေကြေးဆိုတဲ့အဓိပ္ပါယ်ပဲ။ global ဆိုမှတော့ မိမိဟာ အဲ့ digital coin တွေရှိနေရင် ကိုယ့်နိုင်ငံထဲက ပစ္စည်းအပြင် နိုင်ငံခြားက ပစ္စည်းတွေတောင် ဝယ်လို့ရလာတယ်ပေါ့။ပီးတော့ ဘဏ်တိုင်းမှာ ငွေးသွင်းငွေထုတ်စာရင်း တွေမှာ မသင်္ကာစရာရှိရင် ခြေရာခံလို့လွယ်ပေမယ့် ဒီcoinတွေကိုတော့ ခြေရာခံလို့မရဘူး။ရောင်းသူနဲ့ ဝယ်သူအကြား တိုက်ရိုက်ပဲ တစ်ဆင့်ခံ မရှိဘူး။မိမိဘယ်လောက်ဝယ်ရောင်းလုပ်လိုက်တယ်ဆိုတာ မိမိကလွဲရင် ဘယ်သူမှမသိနိုင်ဘူး။အဲ့ကြောင့်မို့ နောက်ကြောင်းရှင်းတယ်။
ဘဏ်တွေမှာက digitalcoinနဲ့ ယှဉ်ရင် တစ်ဆင့်ခံဖြစ်နေတယ် ။ခုလို တော်လှန်ရေးခေတ်ကြီးထဲမှာကို ဖေဖေတို့နိုင်ငံက ဘဏ်တွေကြည့်ပါလား မိမိအပ်ထားတဲ့ငွေ ပြန်ထုတ်ချင်တာတောင် ဘဏ်မှာသွားပီး ကိုယ့်ပိကြ်ဆံနဲ့ကို အစောကြီးတန်းစီစောင့်နေရတယ်။ဒါတောင် ကိုယ်ကြိုက်သလောက်မပြောနဲ့ တစ်နေ့မှာ လူတစ်ဦးဆို ၃သိန်းဆိုလား ၅သိန်းဆိုလားပဲ ထုတ်ပေးတာတဲ့။ကန့်သက်ချက်တွေနဲ့ဘယ်လောက်များလည်းပေါ့။တခြားအသုံးဝင်တဲ့ဟာတွေကျန်သေးတယ်ငယ်လေး ဖေဖေမြန်မြန် အကျဉ်းချုံလိုက်လို့။
ဖေဖေဆီမှာ ရှိတဲ့ဟာတွေက digital coins လို့ပြောလို့လည်းရ NFTs (Non fungible tokens)တွေဖြစ်တဲ့ (Hive token/HBD tokens/Dec /Spt / Sim/ Bxt /Vibes /VFT / CCC / Gamer /weed / Beer /Waivo /Leo / Pizza /Pob / Lolz /Luv အစရှိတဲ့ တစ်ခြားcoin ငယ်လေးတွေလည်းရှိသေးတယ်။အဲ့ဒီ coin လေးတွေဟာ မိခင် blockchain ကြီးဖြစ်တဲ့ Hive Blockchain ကြီးပေါ်မှာ လည်ပတ်နေကြတဲ့ဟာတွေပေါ့။တနည်းအားဖြင့်ပြောလျှင် second layer coin ပေါ့ ဖေဖေမှာရှိတဲ့ ဒီcoinsအကြောင်းတွေနဲ့ပက်သက်လို့ နောက်မှ ဖေဖေ အကျယ်တဝင့် သမီးငယ်နားလည်အောင် ရေးပြပေးမယ်နော် ဘယ်လိုလုပ်ရမယ်ဆိုတာ ခုတော့ ဒီလောက်နဲ့တော်ကြစို့ အရမ်းချစ်တယ်နော်။
16/12/2021
ဖေဖေလည်း ပြန်ရက်ကနီးလာတယ်ဆိုပေမယ့် သမီးငယ်နဲ့တော့ မခွဲချင်သေးပါဘူး။အဲ့အတွေးလေးတွေဝင်လာတော့ ဖေဖေနဲ့ရောက်စက သွားခဲ့တဲ့ ရေကန်တောင်ကို သွားဖို့သတိရလာပြန်တယ်။မေမေကတော့ အိမ်ရှေ့ကရေခဲမုန့်ဆိုင်မှာ ဈေးရောင်းနေတာပေါ့ ။ဖေဖေတို့သားအဖကတော့ အိမ်ဝင်းထဲမှာ ဘောလုံးကန်နေကြတယ်ပေါ့။သမီးငယ်လေးမောနေပီဆိုတော့ ရေသောက်မယ်ဆိုတော့ ဖေဖေလည်း ရေခက်ပေးရတာပေါ့။ခဏလောက်နားပီးမှ ဖေဖေတို့လည်း ပိုက်ဆံလေး အိပ်ထဲကယူပီး ရေကန်တောင်ကို သွားခဲ့ကြတော့တယ်။ငယ်လေးက ရေကန်တောင်ရောက်ပီဆိုရင် သူအကြိုက်ဆုံး ခဏခဏဆော့ဖြစ်တဲ့အရာကတော့ ကလေးလျှေားစီးပဲလို့ဖေဖေတော့ထင်တယ်။အရင်ဆုံးရောက်ရင် ဆော့စရာတွေထဲမှာ အဲ့ဒီလျှောစီးတဲ့ပဲ ပြေးဆော့တာပဲ ပီးမှ လူကြီးတွေစီးတဲ့ ခြေထောက် တစ်ဖက်စီတင်ပီးရှေ့နောက်လွဲရတဲ့ ဟာဆိုလည်း တကယ်ဆိုသမီးငယ်အရွယ်နဲ့ စီးလို့မရနိုင်ဘူးပေါ့။
ဒါပေ့မယ် သမီးငယ် အဲ့ဆီကိုသူဘယ်လိုသွားစီးမလည်းလို့ ကြည့်နေလိုက်တယ်။ဘယ်ဟုတ်မလည်း ရောက်သွားတော့ ဘယ်လိုစီးတယ်ထင်လည်း လူကြီးခြေထောက်တစ်ဖက်ပဲတင်ပီးလွဲရတဲ့ တစ်ဖက်ကို သမီးငယ်က ဖင်ခွထိုင်ပီးတော့ လက်နှစ်ဖက်နဲ့ ကိုင်ထားပီး သူ့ခြေထောက်လေးနဲ့ ထိနေတဲ့မြေကြီးကိုလည်း ထောက်ထောက်ပီး ဒန်းလွဲစီးနေတာပေါ့။ သူ့ကိုသူတော့ ဘယ်လိုစီးရမလည်းဆိုတာတော့ သူများပြောပြစရာမလိုဘူးပေါ့။
ဟုတ်ပီ အဲ့ဒါနဲ့ သူလည်းသူဘာသာစီးနေပါစေဆိုပီး ဖေဖေလည်း လူကြီးတွေ ခြေသလုံးကြွက်သားညောင်းရင် အညောင်းပြေအောင်လုပ်တဲ့ လေ့ကျင့်ခန်းခုံမှာ သွားလုပ်နေလိုက်တယ်။ခဏနေတော့ ဖေဖေတို့လိုပဲလေ့ကျင့်ခန်းလာလုပ်ကြတဲ့ သူတွေလည်းအများကြီးရောက်လာတော့ သမီးငယ်က ဖေဖေ့ဆီရောက်လာတယ် ပီးတော့ ဖေဖေလုပ်တဲ့အတိုင်းလိုက်လုပ်ပီး ဘာပြောလည်းဆိုတော့ "ဖေဖေဒီလိုလုပ်လေ အရမ်းလုပ်လို့ကောင်းတယ်နော်"ဆိုပီးဖေဖေလုပ်နေတဲ့ဟာမှာ ဆရာမကြီးလာလုပ်တယ်ဆိုပါတော့😅။
(25/4/2022) wed (11:10)am