ဒီနေ့ညနေမှာတော့ ဖေဖေတို့သားအဖရဲ့ တွန်းလှည်းလေးမှာ မိုးစက်လည်းလိုက်ပါလာတယ်။သမီးငယ်လေး အိပ်ရာနိုးလာပီဆိုရင် ဖေဖေတို့သွားဖြစ်ခဲ့ကြတယ်ပေါ့။ဒီလိုနဲ့ ရပ်ကွက်ထဲပက်ပီးတွန်းလာရင်း ဆောက်လက်စ RCတိုက်ရဲ့ နဘေးမှာရောက်သွားခဲ့တယ်။အဲ့ဒီမှာ ဆရာမကြီးက အုတ်ပုံတစ်ပုံမှာ အမြင်ှ့က ဖေဖေတို့ အရပ်နီးနီးလောက်ရှိတဲ့ဟာမြင်လိုက်တော့ တက်မယ်တက်မယ်ဆိုပီး လုပ်လာတော့ဖေဖေလည်းခွင့်ပြုလိုက်ရတယ်။လှေခါးထစ်လိုဖြစ်နေတဲ့ အုတ်ပုံဟာ တစ်ဖြေးဖြေးအထက်ကိုတက်သွားတဲ့ ပုံစံလေးအတိုင်း သမီးငယ်ဟာ အဲ့အတိုင်း လေးဘက်ကုန်းကိုင်ပီးတက်သွားတာပေါ့။ ဖေဖေလည်းနဘေးမှာ ရပ်ပီး ကူထိန်းတော့ပေးနေရတာပေါ့။ဖေဖေတွေးနေတာက ဘာလည်းဆိုတော့ "အပေါ်ထိတော့ သမီးငယ်ရောက်အောင်ထိ မတက်နိုင်လောက်ဘူးပေါ့"ဘယ်ဟုတ်မလည်း ပြောပြောဆိုဆိုနဲ့ တွန်းတက်သွားတာ အပေါ်ထိရောက်သွားလေရောပါ့။
အဲ့ဒါနဲ့ အပေါ်ရောက်သွားတော့ သမီးငယ်လေးဟာ မက်တက်ရက်ဖို့ကြိုးစားကြည့်ပီး သူဟာ ဘယ်လိုဆင်းမလည်းလို့ ဆင်းလမ်းကို လိုက်ကြည့်ရင်း"အောက်ဆင်းမယ်လို့"အော်တော့တာပေါ့။ဖေဖေလည်း သမီးငယ်ကိုပြန်ပြောလိုက်တယ်"ဒီအပေါ်ကို ဘက်သူတက်လည်း"လို့မေးလိုက်တော့ "ခူးခူးဘာသာ"ဆိုပီးဖြေလာတော့ ဖေဖေကဆက်ပြောပေးလိုက်တယ် ။အဲ့ဆို ဘယ်သူ့ဘာသာပဲ ဆင်းရမလည်း "ခူးခူးဘာသာ"ပဲလို့ပြောပီး သမီးငယ် ပထမလမ်းကနေ ဆင်းကြည့်နေတာကိုတွေ့တယ်။ ဒါမယ့် သမီးငယ်က လက်နှစ်ဖက်နဲ့ ထောက်ထားပီး ခြေထောက်နှစ်ဖက်ကို အောက်ကအုတ်အထစ်ဆီကို ခြေထောက်နဲ့ လှမ်းထောက်ကြည့်သလိုလုပ်တာ မထိမိဘဲ ထောက်ထားတဲ့ လက်တစ်ဖက်အောက်က အုတ်ခဲက အရမ်းလှုပ်လာတော့ "ဖေဖေမရဘူးလို့"ဆိုပီး ပြောလာတော့ "နောက်တစ်နေရာက ဆင်းကြည့်လေ"လို့ဖေဖေကထပ်ပြောပြရတာပေါ့။အဲ့ဒီနေရာမှာက သမီးငယ်ဖင်ထိုင်ပီး ခြေထောက်ချလိုက်ရင် အောက်က အုတ်ပုံလှေခါးထစ်နဲ့က ထိမိတဲ့နေရာကို တွေ့သွားတော့ ဖင်ကိုဖြည်းဖြည်းလေးရွေ့ချပီး တစ်ထစ်ပီးတစ်ထစ်ဆင်းလာလိုက်တာများ ဖေဖေတောင် ကူထိန်းမပေးလိုက်ရဘူး။ဒါပေ့မယ် ဘောင်းဘီတစ်ခုလုံး ကတော့ အပန်းရောင်ကနေ အုတ်နီခဲအရောင်ထိရောက်သွားတာပေါ့ကွယ်။
၁၇/၁၂/၂၀၂၁
လားရှိုးမှာ ဖေဖေရောက်လာတဲ့အကြောင်းရင်းကတော့ သမီးငယ်လေးကိုပျော်ရွင်အောင်ထားဖို့နဲ့ လူတွေနဲ့ ဖော်ရွှေစွာနေတက်စေဖို့ပဲပေါ့။ဖော်ရွှေစွာ နေတက်ဖို့က မလိုပါဘူး သမီးငယ်လေးက လက်ဖက်ရည်တစ်ဆိုင်လုံးမှာတောင် ဗိုလ်လုပ်နိုင်တာဆိုတော့လေ သိတယ်မို့လား။ဆိုင်က မမတွေက သူရောက်လာရင် ဝိုင်းချီချင်လွန်းလို့ ပေါက်စီလုပ်တဲ့သူက ပေါက်စီယူလာပီး သူကိုခယတော်မူရ အသီးဖျော်တဲ့သူကလည်း ပန်းသီးလေးတစ်လုံးယူလာပီး ခယတော်မူကြရသကိုး။ဖေဖေတို့ ဆရာမကြီးကဆက်သလာတဲ့ ဟာတွေကိုတခါတလေ လှည့်တောင်မကြည့်ဘူး tea ဖျော်တဲ့အခန်းထဲတန်းသွားပီးမှ "နွားနို့သောက်မယ်နော်"က ပြောလိုက်ရသေး။ပီးမှပြန်လာပီး ဟိုနှစ်ယောက်ဆက်သထားတဲ့ဟာကိုမှ မျှတစွာစားသုံးတော်မူတာကိုး။
ဘယ်လောက်ထိ ဆရာမကြီးက သူတို့အပေါ်သစ္စာရှိလည်းဆိုရင် မုန့်ကျွေးကြတဲ့မမတွေနဲ့ ကနေ့ သူတို့ကိုချစ်တယ်လို့ပြောခိုင်းပီး မုန့်ကျွေးထားတယ်ဆိုရင် အဲ့နေ့အတွက် သမီးငယ်တရေးနိုးထလာပီဆိုရင်လည်း ချစ်လား မေးရင် ချစ်သေးတယ်လို့ဖြေနေသေးတာပဲ။အဲ့ဒါညနေအထိပဲ အဲ့မမတွေနဲ့ အတူတူဆော့ သူတို့နဲ့ လက်တွဲလမ်းလျောက် အပွေ့ခံ အနမ်းခံလောက်တော့ အေးဆေးပဲ။အဲနောက်နေ့မနက်ရောက်သွားလို့ကတော့ အတိတ်မေ့တာလိုလိုနဲ့ အဲ့မမတွေလာရင် စကားလည်းပြန်မပြောဘူးမနေ့ကမသိခဲ့သလိုကို နေပေးလိုက်တက်တယ်။ဒါပေမယ့်လည်း အဲ့အချိန်မှာ နောက်တစ်ခါ ပန်သီးတစ်လုံးယူပီးပြန်လာခဲ့ရင်တော့ မနေ့ကအတိုင်းပဲ ချွတ်စွပ်ပေါ့ကွယ်။
အဲ့နေ့မနက်ခင်း စားသောက်ပီး ဖေဖေတို့လည်း အောင်မင်္ဂလာဈေးဘက်ကို ခြေလျင်တစ်ခါမှ မရောက်ဖူးသေးတာနဲ့ သမီးငယ်ရဲ့ တွန်းလှည်းလေးတွန်းပီး သားအဖနှစ်ယောက်ထွက်လာခဲ့ကြတယ်။လမ်းမှာလည်း ခွေးလှလှကလေးတွေ သူတို့အိမ်ပေါက်ဝမှာ ထိုင်နေတာမြင်ရင်လည်း "လာခဲ့နော် လာခဲ့"တဲ့ဆိုပီး ခွေးလေးတွေလည်းအရမ်းချစ်ရှာတယ်။အဲ့ဒါနဲ့ဖေဖေတို့လည်း J J store လမ်းထောင့်နားမရောက်ခင် သူတို့အမေတွေကို ဈေးအကူရောင်းပေးနေကြတဲ့ အသက်အရွယ်အားဖြင့် (၆)/(၇)/(၈)နှစ်အရွယ် ကလေးတွေနဲ့တွေ့တော့ သမီးငယ် တွန်းလှည်းပေါ်မှာစီးနေတာကိုကြည့်ရင်း ပြုံးစိစိဖြစ်နေတာကို မြင်တော့ သမီးငယ်က သူတို့ကို ပြန်မေးလိုက်တယ် "လိုက်မလား"လို့လဲမေးလိုက်ရော ကလေးငယ်လေးသုံးယောက်က"မလိုက်ဘူးဒီမှာဘဲဆော့မယ်"လို့ပြန်ပြောတာပေါ့။ အဲ့ဒါနဲ့သမီးငယ်လေးကလည်း" နောက်မှ လိုက်ခဲ့တော့နော"ဆိုပီး "ဘိုင့်ဘိုင့်"တွေဘာတွေ ဟိုကကလေးတွေနဲ့အပြန်အလှန်လုပ်နေကြတာကိုး။ ဖေဖေတို့လည်းအောင်မင်္ဂလာဈေးဘက်ကို နောက်ထပ် ၇မိနစ်လောက်တွန်းလာပီးမှပဲ ဈေးကိုရောက်ခဲ့တော့တယ်။