၁၈/၁၂/၂၀၂၁
လားရှိုးအပေါ်အိမ်မှာက အောက်အိမ်လောက် ဆိုင်လုပ်သမားတွေ အများကြီးမရှိဘူး။ဒါပေမယ့်နည်းနည်းတော့ရှိတာပေါ့ အပေါ်ထပ်မှာက အိမ်ရဲ့ ဝေယျာဝစ္စလေးတွေလုပ်စေဖို့ ဟိုးနာဂပြည်က ခေါ်လာတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ယောက်ကတော့ အမေက ကချင် အဖကဝလူမျိုးကမွေးတဲ့ ကောင်မလေးကတစ်ယောက် အဲ့ကောင်မလေးကဆိုရင် လူကသာ သူငယ်တန်းမတက်ရသေးတာ တက်ထားတဲ့ဘာသာစကားက ကချင်/တရုတ်/ပလောင်/ဝ လောက်ရှိတယ်ကွဲ့။ဖေဖေတို့ လားရှိုးရောက်မှ သူ့ကို အတန်းစထားတဲ့ အသက်က ၁၀နှစ်လောက်တောင်ရှိရောပေါ့ကွယ်။
အဲ့ဒါဘယ်သူတွေလည်းဆိုတော့ သမီးငယ်နဲ့ ဆော့နေတဲ့ ဝဟုန်နဲ့ ခေါန်မိုင်ပဲပေါ့ကွယ်။ဝဟုန်ကတော့ သူတို့နာဂမိသားစုလေးထဲမှ သမီးအကြီးဆုံးတဲ့ သူအောက်မှာလည်း မောင်မောင်လေးတွေ ညီမလေးတွေလည်းရှိသေးတယ်တဲ့။ "ဝဟုန် မင်းရွာကလိုက်လာတာ ဘယ်လောက်ကြာပီလည်း"လို့ဖေဖေက မေးလိုက်တော့ ၃ နှစ်လောက်ရှိမယ်တဲ့ ။ဖေဖေစဉ်းစားနေတာ အဲ့လောက်အချိန်တွေအကြာကြီးနေခဲ့တာတောင် သူကို့ကြည့်ရတာ ဒီလားရှိုးအိမ်မှာ လွန်ခဲ့တဲ့ (၁)(၂)လလောက်ကပဲရောက်နေသလိုပဲ အိမ်အကြောင်းပြောကြတဲ့အခါမှာလည်း လွမ်းဆွတ်တမ်းတပုံလည်းမပေါက်ပါဘူး။မပေါက်ဆို အဲ့ဒီမှာ ဘယ်လိုနေရတော့ ဖေဖေမသိ ဒီမှာကတော့ ဆရာသမား(၂)ယောက်နဲ့ သူတို့သားလေးရဲ့ ထမင်းပန်ကန်ပြားလေးတွေဆေးရကြောရပေါ့ တခါတခါ ရေခဲမုန့်ဆိုင်မှာ လူအရမ်းကြလာရင် ဝိုင်းကူညီလုပ်ပေးရတာပေါ့။မနက်တိုင်တံမျက်စည်းလှည်း ဆိုတဲ့အလုပ်လေးတွေလောက်ပါပဲ။ထမင်းပန်ကန်ပြားဆေးလျင်ရင် မနက်ည ပေါင်းတစ်ခါတည်းပဲဆေးကြောရတာပေါ့။ ကျန်တဲ့အချိန်မှာတော့ ဖုန်းကိုင်ဖို့အတွက် ဆရာနဲ့ဆရာမက ဖုန်းတစ်လုံးစီဝယ်ပေးထားကြတယ်ပေါ့။
ဒီအိမ်မှာ သူတို့အတွက် စိတ်ကြိုက်ဆိုသလို ဘယ်သူမှ သူတို့ကိုလည်း အလုပ်အရမ်းပင်ပမ်းအောင်လည်း မခိုင်းကြပါဘူး တကယ်တော့ အဲ့ဒီလုပ်ရတဲ့ဟာလေးတွေဟာ အလုပ်မမြည်သေးပါဘူး။ဟော သူတို့ကို ဒီအတိုင်းအလုပ်ခိုင်းဖို့အတွက်ပဲခေါ်လာကြာလည်းမဟုတ်ဘူးပေါ့။ဆရာနဲ့ဆရာမက သူတို့လေးတွေ တစ်နေ့မှာ ပညာတက်ဖြစ်လာအောင် ကျောင်းလည်းထားပေးတာပေါ့ကွယ်။ သူတို့သားအတွက် အဖြူအစိမ်းတစ်စုံ ဝယ်ပေးရင် သူတို့အတွက်လည်း တစ်စုံစီရတာပေါ့ကွယ် ။ဒါကျောင်းအသုံးအဆောင်ပဲရှိသေးတာပေါ့။တခြားဟာတွေသူတို့အတွက်ဖြည့်ဆည်းပေးထားတာတွေအများကြီးလည်းရှိသေးတယ်ပေါ့။နွေရာသီ ရောက်လို့ နွေရာသီအင်္ကျီနဲ့ကလည်းပေါ့ပေါ့ပါးပေါ့။ဆောင်းရာသီရောက်လာပြန်ရင်လည်း ခြေအိတ်/လက်အိတ်/ခေါင်းဆောင်းကအစ အနွေးထည်းနဲ့ပက်သက်သမျှမှာလည်း လိုလေစိတ်မရှိအောင် ဝယ်ပေးကြပြန်တယ်ပေါ့။အပမ်းဖြေခရီးထွက်ရင်လည်း သူများတွေသာမပါရင်မပါမယ် သူတို့ကတော့ ပါကြတယ်ပေါ့ကွယ်။ဟိုတလောကတောင် ဖေဖေတို့တွေ ရေပူစမ်းသွားကြတုန်းကလည်း သူတို့လေးတွေကရှေကပေါ့ကွယ်။
အဲ့ကြောင့်မို့ သူတို့လေး(၂)ယောက်ဟာ ဒီမှာရောက်လာတာကြနေကြပီဆိုပေမယ့်လည်း သူတိုဟာပျော်ရှင်မူကိုရရှိကြတော့ ဒီမှာပျော်နေကြတာပေါ့ကွယ်။သမီးငယ်လေးက အဲ့မမ(၂)ယောက်နဲ့က အဖော်တွေကိုဖြစ်လို့ပါ့အေ။တစ်နေ့က သမီငယ်လေး သူတို့နဲ့အတူဆော့နေလိုက် အိမ်ပေါက်မှာ ထိုင်ပီး မေမေ့ကိုဖုန်းကိုပြင်နေတဲ့ဖေဖေ့ဆီလာလိုက်နဲ့စော့နေကြတာပေါ့။အဲ့ဒါနဲ့မေမေ့ဖုန်းကိုလာယူပီ titok ခဏကြည့်မယ်နော်လို့ပြောပီး ငယ်လေးစီးတဲ့ဘီးပေါ်မှာထိုင်ပီး ကြည့်နေကြတာပေါ့ကွယ်။ဖေဖေကတော့ ငယ်လေးတို့ခဏဆော့ပါစေဆိုပီး အိမ်ခန်းခဏဝင်လိုက်တဲ့အချိန်လေးမှာ အပြင်ဘက်က ဝဟုန်အသံက ဆူညံ"အစ်မဘောက်ရေ ခူးခူး အီးအီးပါနေသလိုပဲ"ဆိုတဲ့အသံ ဖေဖေကြားလိုက်ပေမယ့် ။မေမေက အိမ်ရှေ့က ဈေးရောင်းရာကနေရောက်လာပီး သမီးငယ်ရဲ့အီးအီပါထားတဲ့ဘောင်းဘီတွေချွတ်ပီး ရေအိန်တုံပြေးပီပေါ့။အတော်လေးကြာတဲ့အထိဖေဖေအခန်းထဲကစောင့်နေလိုက်တယ်။ဘာလို့ အခန်းထဲမှာ သမီးငယ်ရဲ့ဘောင်းဘောင်းလာယူပီးဝတ်မပေးသေးတာလည်းပေါ့။ အဲ့ဒါနဲ့ဖေဖေလိုက်သွားတော့ ဘယ်ဟုတ်မလည်း သူတို့သားအမိက ပန်းခြံထဲမှာနေပူဆာလုံနေကြပေါ့။
ဖေဖေပန်းခြံထဲရောက်သွားတော့"ဆရာ ဖုန်းကရသွားပီလား"လို့မေးတော့ အေးလေး "သမီးငယ်တောင် titok ကြည့်ချင်လို့ဆိုပီး ပေးလိုက်တာလေ"ဆိုပီးဖေဖေပြောလိုက်တော့ ဖုန်းက အမေ့လက်ထဲလည်းမရှိ အဖေလက်ထဲလည်းမရှိဆိုတော့ "ခူးခူးမေးကြည့်ရမှာပေါ့အေ့"လို့ဖေဖေကပြောပီး"သမီးရေ ခူးခူးခုနက titok ကြည့်တဲ့ဖုန်း ဘယ်မှာထားလည်း"လို့ဖေဖေလည်းမေးလိုက်ရော စောစောက သမီးငယ်အီးအီးပါတဲ့နေရာမှာရှိတဲ့ စက်ဘီးလေးရဲ့ ရှေ့ခြင်းထဲမှာရှိနေတဲ့ ဖုန်းလေးကို ဟောတခါတည်းယူလာပါလေရောပါ့။ဖေဖေတို့က ခူးခူး ဖုန်းကိုဘယ်နေရာမှာထားခဲ့ပီလည်းမသိဘူးဆိုပီး စိတ်ပူနေတာတွေ သမီးငယ်လေးပြန်ယူပြလာတဲ့ဖုန်းမြင်လိုက်ရမှ စိတ်အေးရတာပေါ့ကွယ်။အရမ်းတော်တဲ့ ဖေဖေ့သမီးငယ်လေးပေါ့ကွယ်။
(28/5/2022) pm (1:10)