ဒီနေ့ကတော့ ပွဲတစ်ပွဲစီတိုင်းရဲ့ Rules တွေကို ပြောပြပေးချင်ပါတယ် ။ သူက Game ရဲ့ မူလစည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲပေးနိုင်ပါတယ် ။ Level အနိမ့်ပိုင်းမှာ Rule တစ်ခုစီသာပါတတ်သော်လည်း level မြင့်လာသောအခါ နှစ်ခု အစရှိသဖြင့် တွဲပါလာတတ်ပါတယ် ။ တစ်ပွဲနှင့်တစ်ပွဲ မတူညီဘဲ မြဲပြောင်းလဲနေသော Rule များ ဖြစ်ပါသည် ။
ဘယ်လို သတ်မှတ်ချက်မျိုးလဲဆိုတာ သိနိုင်ဖို့အတွက် ထို rule နေရာကို Mouse မြားလေးနဲ့ ထောက်ပြီးဖတ်နိုင်သလို ဖုန်းနဲ့ဆိုလျှင် Rule နေရာမှ ပုံလေးကိုကြာကြာဖိထားပြီးဖတ်လို့ရပါတယ် ။ Rules တစ်ခုနဲ့ တစ်ခု ပုံစံလေးတွေ တူညီနေမှာမဟုတ်တာကြောင့် နောက်ဆိုလျှင် ထိုပုံလေးအားကြည့်ပြီး ဘယ်လိုဆိုတာ သဘောပေါက်ပါလိမ့်မည် ။
ထို ပွဲတစ်ပွဲစီတိုင်းအတွက် Rules များကို နားလည်ထားခြင်းက အနိုင်ရရှိဖို့အတွက် အထောက်အကူဖြစ်မှာပါ ။ တစ်ခါတစ်လေ Rule ကို သတိမထား မကြည့်မိဘဲ ဆော့လိုက်သည်များကလဲ အများအပြားရှိကြပါသည် ။ ကိုယ်က ထို Rules ကို ကြည့်လိုက်ခြင်းဖြင့် Mage က အားသာတာလား Melee က ဘယ်နေရာကနေဖြစ်ဖြစ်တိုက်ခိုက်နိုင်တာလား Sneak ပါသော်လည်း Sneak Ability ကသုံးမရတာလားဆိုတာကို သိရှိစေနိုင်မှာဖြစ်ပါတယ် ။ ကဒ်ရွှေးချယ်တဲ့အခါ ထို Rule ကို အခြေခံပြီး အနိုင်ရနိုင်ခြေပိုများသည့်ကဒ်များကိုရွှေးချယ်နိုင်ပါလိမ့်မည် ။
ဒီနေ့ကျွန်တော် ဆော့ရမည့် ငါးပွဲ Quest ကတော့ Snipe Quest ပါSnipe Ability ရှိတဲ့ ကဒ် တစ်ကဒ် အနည်းဆုံးပါဝင်ပြီး တိုက်ရမှာဘဲဖြစ်ပါတယ် ကျွန်တော် အသုံးဖြစ်ဆုံး Snipe ပါတဲ့အကောင်လေးတွေလဲ ပြထားပါတယ်နော်( စာရှည်အောင် ) ။
ဆော့တဲ့သူများလာလို့ဘဲလား Splinterlands ကဘဲပေးတားလျှော့ချင်လို့လားတော့မသိပါဘူး အရင်တုန်းက တစ်ခါမှ မရဖူးတဲ့ Credit 3 ခုဘဲပေးခဲ့ပါတယ် 3 DEC ဆိုလျှင်တောင် ဖြေသာပါသေးတယ် ခုတော့ Screen Shot တောင် မရိုက်နိုင်လိုက်ဖူး ။ ဒါပေမဲ့ ရတဲ့ဟာကိုယ့်ဟာပါဘဲလေ ။ သူလဲ များလာရင် ကဒ်တွေငှါးချင် ဝယ်ချင်ရင်ဝယ်လို့ရပါတယ် ။