မင်္ဂလာပါ။ ဒီနေ့မှာတော့ မနက်ခင်းစာ အဆာပြေစားသောက်ကြတဲ့ မုန့်လေးတွေ အကြောင်းမျှဝေသွားပါမယ်။
ကျွန်မတို့တွေ နံနက်ခင်း အိပ်ယာက နိုးထပြီး မနက်စာအတွက် ပြင်ဆင် စားသောက်လေ့ရှိကြပါတယ်။ အဲ့ဒီလို စားသောက်ကြတဲ့ အခါ မြန်မာ့ရိုးရာဓလေ့ စားသောက်လေ့ရှိတဲ့ အဆာပြေမုန့်တွေကို စားသောက်ကြသလို အနောက်တိုင်းအစားအစာပုံစံ အရှေ့တိုင်း အစားအစာ ပုံစံတွေကို စားသောက်ကြသူတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးတွေဟာလည်း သူတို့ ဒေသရဲ့ စားသောက်မှု ပုံစံအလိုက် နံနက်စာကို ပြင်ဆင်စားသောက်ကြတဲ့အတွက် အနည်းငယ် ကွဲလွဲမှုတွေ ရှိကြပါတယ်။ မြန်မာလူမျိုးတွေ အများဆုံး စားသောက်လေ့ရှိတဲ့ နံနက်ခင်း အဆာပြေ အစားအစာတွေကတော့ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ လက္ဖက်ရည်၊ ကော်ဖီ၊ မြန်မာမုန့်မျိုးစုံ ခေါက်ဆွဲကြော် ကြာဇံကြော်တို့ ဖြစ်ပါတယ်။
ကြိုက်နှစ်သက်ရာကို နံနက်စာအဖြစ်ပြင်ဆင်စားသောက်ရာမှာ မြန်မာ့ရိုးရာ မုန့်တွေကတော့ ကျန်းမာရေးအရ ကောင်းမွန်တာကိုလည်း တွေ့ရှိရပါတယ်။ မိတ်ဆွေတို့ကော ဘယ်လို နံနက်စာမျိုးကို ပြင်ဆင် စားသောက်လေ့ရှိပါသလဲ။ မျှဝေပေးကြပါအုံး။ အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။