သားရွှေသွေးလေးရေ......
ဒီနေ့ဟာဆိုရင် သားလေးရဲ့ ၉နှစ်ပြည့် မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။ အရင်က ဆုံးမစာတွေ ခဏ ခဏရေးဖြစ်ပေမဲ့ ဒီနှစ်ပိုင်းတွေမှာ မရေးဖြစ်တာလည်း ကြာပြီကွယ်။ ဒီနေ့တော့ သားလေးမွေးနေ့မှာ အမှတ်တရ အနေနဲ့ ဗဟုသုတ ဆုံးမစာလေးရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာရပ်ဝန်းမှာပါ လွန်ခဲ့တဲ့ ၂နှစ်ကစလို့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး ကျရောက်ခဲ့တာ သားလေး အသိပေါ့ကွယ်။ ဒါကြောင့် သားတို့ ကျောင်းတွေကို နှစ်ရှည် လများ ပိတ်ထားရခဲ့ရတယ်။ မြန်မာ အပါအဝင် ကမ္ဘာကြီးဟာ စီးပွားရေး လူမှုရေး ပညာရေးတွေ နောက်ကျခဲ့ရတာပေါ့ကွယ်။ ပုံမှန်အတိုင်း တစ်နှစ်တစ်တန်းတက်မယ်ဆိုရင် မေမေ့သားက အခုအသက်အရွယ်ဆိုရင် စတုတ္ထတန်းရောက်နေပြီပေါ့။ အခုတော့ ဒုတိယတန်းတက်နေရဆဲပေါ့။
Image Source
ကျောင်းတွေ ကစားကွင်းတွေနဲ့ အပန်းဖြေလည်ပတ်စရာတွေ ပိတ်ထားတာနဲ့အမျှ အိမ်ထဲမှာ အမြဲ နေနေရတဲ့ သားတို့လို ကလေးလေးတွေဟာ တီဗွီ ဖုန်း တက်ပလက် စတာတွေကို ပိုမိုသုံးစွဲ ဆော့ကစားလာကျတယ်။ သားသားဆို ၃နှစ်သားလောက်က ကာတွန်းကားလေးတွေသာ ကြည့်နေရာကနေ အခုဆို အင်တာနက်ဂိမ်းတွေအထိ ကစားလာနေပါတယ်။ တကယ်ဆိုရင် အိမ်အပြင်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေရမဲ့အစား ဖုန်း ကွန်ပျူတာနဲ့ အိမ်ထဲမှာ နေကျရတယ်။ ဖုန်းတွေ ကွန်ပျူတာတွေကို ဘယ်အရွယ်ကစပြီး သုံးစွဲသင့်တယ်ဆိုတာ တိကျတဲ့ သုတေသနစာတမ်းမျိုး မေမေ ရှာကြည့်ပေမဲ့ အခုထိ မတွေ့ဘူး သားရေ။ ဒါကြောင့် အချိန်လေးနဲ့ ကစားဖို့ မေမေ သားကို ထိန်းချုပ်ခဲ့တာပေါ့။
အဓိကက သားရဲ့ နုနယ်သေးတဲ့ မျက်လုံးလေးတွေ မထိခိုက်စေချင်ဘူးလေ။ လက်ချောင်း သေးသေးလေးနဲ့ အချိန်ကြာမြင့်စွာ ဖုန်းကိုင်ထားရတဲ့အတွက် အရိုးလေးတွေ ထိခိုက် နာကျဥ်လာမယ်လို့ မေမေ ထင်တယ်ကွယ်။ ၁၉၉၉နောက်ပိုင်း မွေးဖွားလာတဲ့ ကလေးတွေကစပြီး ဖုန်းတွေ ကွန်ပျူတာတွေနဲ့ မစိမ်းကျဘဲ ကလေးတိုင်းလိုလို ကျွမ်းကျင်စွာ အသုံးချနိုင်လာပါတယ်။ ကွန်ပျူတာဆိုလည်း မေမေတို့ ခေတ်တုန်းကလို တကူးတက သင်နေစရာ မလိုဘဲ သင်လွယ်တက်လွယ်ကျပါတယ်။
ဆက်ရန်.......
Photo by me