ဒီနေ့ ရေးမယ်လို့ ရည်ရွယ်ထားတဲ့ အကြောင်းက NFTsအကြောင်းဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာနေတုန်း ဖြစ်တာရယ် မှတ်သားလောက်တဲ့ အချက်အလက် မရသေးတာကြောင့် Googleခေါက်တာ ခဏနားပြီး ခေါက်ဆွဲစားနေတုန်း က ကျမရဲ့ Rising Star postမှာ Hive စတင်တာ ဘယ်နှစ်နှစ်ရှိပြီးလည်းလို့ မေးလာပါတယ်။ ကျမလည်း ပြန်စဥ်းစားမိတယ်။ ဘယ်နှစ်နှစ်တောင်ရှိသွားပြီလည်းပေါ့။ ကျမ stemmမှာ စာတွေရေးဖို့ Join Date လုပ်တာက ၂၀၁၇မှာ စတင်ပါတယ်။ အဲ့ အချိန် ကိုဟင် Steem Myanmarကို စတင်တည်ထောင်ပြီး အဲ့ဒီမှာ သူများတွေ စာတွေရေး ပိုလ့်တွေတင်နေပါပြီ။ ကျမက အဲ့အချိန် Invest siteတွေ လုပ်နေချိန်ပေါ့။
IGAက စလိုက်တယ်လို့ ပြောရပါမယ်။ IGAက ကျမတို့ နယ်ဘက်မှာ ဟော်တယ်တွေ ဌားပြီးတောင် အခန်းအနားနဲ့ အကြီးအကျယ်လုပ်တာပါ။ အိမ်ပေါင်ပြီး Invest လုပ်သူတွေတောင် ရှိပါတယ်။ နောက်တော့ Site Scamရော။ ရှုံးလိုက်ကျတာ ပိုက်ဆံတွေ သိန်းငွေဆိုတာ အနည်းဆုံးပါ။ IGAက ကြော်ငြာလေးတွေကို clickပေးရတာမျိုးပါ။ Package အလိုက်ဝယ်ရပြီး အနည်းဆုံးက သောင်းငွေရှိပါတယ်။ ကျမ အပါအဝင် လူတော်တော်များများ ငွေသိန်းချီ ပါသွားပါတယ်။ Owner လုပ်တဲ့ မိန်းမကတော့ နောက်ဆုံး နိုင်ငံခြားသားကို လွှဲချပြီး ရန်ကုန်မှာ ကွန်ဒိုနဲ့ နှပ်နေလေရဲ့။ တရားဆွဲဖို့ လုပ်ကျသေးပေမဲ့ လူတွေ အများကြီး တရားရုံးသွားမဲ့ အရေး ရှေ့နေပေးခနဲ့ ထပ်ကုန်မဲ့ ပိုက်ဆံ အကုန်အခံနိုင်လို့ မလုပ်ဖြစ်တော့ပါဘူး။ ဟိုမိန်းမက ငွေထုတ်ပိုက်ပြီး တရားသူကြီးကို အိတ်ထဲ ထည့်လိုက်မဲ့ အကွက်တွေလည်း မြင်ခဲ့ကျလို့ ပါပါတယ်။
IGA ပြီးတော့ Cryptocurrency လောကနဲ့ ကျမ ဝင်ဆန့်လာခဲ့ပါတယ်။ အဲ့ဒီကနေ Invest siteသေးသေးလေးတွေ လုပ်ဖြစ်တယ်။ Future Net, Laser, Edpay, Hourlybest, Hourcool,Hourpowe, Playing ဆိုဒ်တွေကို အစုံပါပဲ။ ရှုံးတာလည်း ရှုံး ပြန်ရတာလည်းရပေါ့။ ရင်းနှီးလာတာက BTC, PM,ETH, Payeerစသည့် အသုံးအနှုန်းတွေပါပဲ။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်မွဲဆေးဖော်မိတယ်ဆိုတာ သဘောပေါက်လာတော့ ဘယ် Invest Site မှ မရင်းတော့ဘဲ ခြေကုန်လက်ပန်းကျနေချိန် က တစ်မျိုး စခန်းထလာပါတယ်။ သူက ကျမရဲ့ သင်တန်းဆရာပါ။ ကျမက သူ့ဆီမှာ အဲ့အချိန်က မိုင်းတူးနည်း ပညာတွေ ဆည်းပူးလေ့လာနေပါတယ်။ ကိုစိုင်းက " အမရေ ကျွန်တော် platformတစ်ခုတွေ့ထားတယ် စာတွေရေးပြီး ပိုက်ဆံရတာ အမ"တဲ့ ကျမလည်း Invest လုပ်ရတာလားပေါ့။ မလုပ်ရဘူး အမ စာတွေရေးရုံပဲတဲ့ ကျွန်တော် လေ့လာလိုက်အုံးမယ် ဆိုပါတယ်။ သူက လေ့လာပြီး ဘယ်လို့ postတင်ရတယ် ဘယ်ဟာက upvote ဘယ်ဟာက down vote ဘာက ဘယ်လိုနဲ့ platformနဲ့ ပတ်သက်တာတွေ သင်ပြပေးပါတယ်။
အဲ့ အချိန် MSC နဲ့ မချိတ်မိသေးပါဘူး။ နောက်တော့ ကျမ Steemကနေ ပိုလ့်တင်ပါတယ်။ မိတ်ဆက်ပိုလ့် နောက် ပိုလ့်တစ်ခု ၂ခုလောက်တင်တော့ အဲ့အချိန် MSC မှာ Admin လုပ်နေတဲ့ ဖိုးသန့်က ဒီလို ဒီလိုဆိုပြီး လာမိတ်ဆက်ပါတယ်။ ဒါနဲ့ MSCအဖွဲ့ထဲ ရောက်လာပါတယ်။ ကျမ ရောက်လာတော့ ကိုစိုင်းကိုလည်း ခေါ်ပေါ့။ MSC ထဲရောက်တာနဲ့ ကိုဟင်
ရဲ့ ပိုလ့်တွေနဲ့ ရင်းနှီးခဲ့ရပါတယ်။ မသိတာတွေကနေ သိလာပါတယ်။ MSCမှာ အဲ့အချိန်ကကနေ အခုထိ စာရေးနေသူတွေ အတော်များများ ကျန်ပါသေးတယ်။ ဇွဲကောင်းခြင်းအတွက် ချီးကျူးမိပါတယ်။
တို့က ဒီနေ့အထိ မပျက်တမ်းစာရေးနိုင်ကျသူတွေပါ။ ကျန်တဲ့သူတွေလည်းရှိအုံးမယ်ထင်ပါတယ်။ ကျမ လက်လှမ်းမီ သလောက်ရေးပြရခြင်းဖြစ်ပါတယ်။ အဲ့ အချိန် စာရေးစက Steemစျေး အရမ်းကောင်းတဲ့ အချိန် ဖြစ်ပါတယ်။
1 steemကို မြန်မာငွေ ၃ထောင်ပါ။MSC Leaderကြီး ကိုဟင်ရဲ့ 100% upvote တစ်ချက်ဟာ $11.801တန်ပါတယ်။ သူ့ upvotတစ်ချက်ရဖို့ မျှော်လင့်ခဲ့ရဖူးပါတယ်။ Upvote တစ်ချက်ပေါက်လျှင် Steem ဟုန်းဟုန်းတောက်ခဲ့ရတဲ့ ကိုဟင်ရဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။ Steem မှာ စာတွေရေးရင်းနဲ့ ကျမ ရေးပြီး သိပ်မကြာခင် စျေယတွေ တအိအိ ကျဆင်းလာပါတယ်။ ၂နှစ်လောက်ကြာတော့ steemစျေး မရှိတော့ သလောက်ကို ကျနေပါပြီ။ ဒါနဲ့ ကျမလည်း ရေးတချက် ပျောက်တစ်ချက် ပေါ်တစ်ချက်နဲ့ Steemမှာ ကျင်လည်ရင်း နောက်တော့ MSC က ရွာပြောင်းဖို့ ပြင်ဆင်ပါတော့တယ်။ ကိုယ်ပိုင်တဲ့ Steemလေးတွေပါ မကျန် သိမ်းဆည်းကျရင်း Hiveရွာကြီးကို ပြောင်းရွှေ့သွားကျပါတယ်။
ကျမလည်း အစက ရွာပြောင်းသွားကျတာ မသိပါဘူး။ ရွာကို ပြန်တစ်ချက် မပြန်တစ်ချက်ဆိုတော့။ နောက်တော့ Groupထဲမှာ ပြောဆိုနေကျလို့ ပြောင်းကုန်ကျပြီဟဲ့ဆိုပြီး လိုက်ဖို့ကြံရပါတော့တယ်။ လိုက်သွားတော့လည်း အဝတ်တစ်ထည် ကိုယ်တစ်ခုပါဘဲ။ ကျမရဲ့ ပိုင်ဆိုင်မှု Steemလေးတွေတောင် ယူ မလာခဲ့ရပါဘူး။ အခု စာတွေ ပြန်ရေးမှသာ Steemတွေ သယ်ခဲ့လို့ရကြောင်း သိရပါတယ်။ အဲ့တော့မှ ကျမလည်း ရွာဟောင်းကို ပြန်ပြီးSteemလေးတွေ ပြန်သွားယူ ရောင်းချပြီး အိမ်powerဆောက်တဲ့အထဲ ထည့်ရပါတော့တယ်။ အခုမှ ကျမလည်း စာတွေ ပုံမှန် ပြန်ရေးပြီး Hiveရွာမှာ အခြေချနေထိုင်နေပါပြီ။