လွန်ခဲ့သော ၄ ရက်လောက်က ကျွန်တော် နှင့် ခင်မင်ခဲ့တာ ၅ နှစ် လောက် ရှိပြီဖြစ်သော ကိုသက် ဆီက ဖုန်း ဆက်လာခဲ့ပါတယ်။
သူ ကျန်းမာရေး မကောင်းလို့ အိပ်ရာထဲ လဲနေရကြောင်း နှင့် ကျွန်တော့်ကို သူ့အား ဆေးလာကုပေးရန် တောင်းဆိုခဲ့ပါတယ်။
ထိုနေ့က ကျွန်တော်လည်း တုတ်ကွေး လိုလို ကိုဗစ် လိုလို နဲ့ ညောင်းကိုက်ပြီး မောဟိုက်နေတတ်တာမို့ သူ့အား ဆေးရုံပြရန် တိုက်တွန်းခဲ့မိပါတယ်။
နောက်ရက် ကျွန်တော့် ကျန်းမာရေး သက်သာတော့ သူ့ဆီ ဖုန်းဆက်ပြီး အခြေအနေ မေးခဲ့ပါတယ်။
အေးသုခဆေးရုံ မှာ ဆေးကုသမှု ခံယူနေကြောင်း၊ သွေးသွင်းပြီး O2 ပေးထားရကြောင်း သူ့မိန်းမ က ပြောခဲ့ပါတယ်။
သူ ဆေးရုံမှာ ဆိုတော့ နေပြန်ကောင်းလာမယ်လို့ ကျွန်တော် စိတ်သက်သာရာ ရမိခဲ့ပါတယ်။
ခုမှ အသက် ၃၀ ကျော်စ ငယ်သေးတာကိုး။
မနေ့ကတော့ မထင်မှတ်ဘဲ ကိုသက် ဆုံးသွားပြီ ဆိုတဲ့ သတင်း ကြားလိုက်ရပါတယ်။
ကျွန်တော် အလွန် စိတ်မကောင်းပါဘူး။
သူ မသေခင်မှာ သူ့ဆန္ဒအရ ကျွန်နော် ဆေးကု မပေးလိုက်ရဘူး။
မသေခင် သူ ကျွန်တော့်ကို မြင်မသွားရရှာလို့ ကျွန်တော် ယူကြုံးမရ ဖြစ်မိပါတယ်။
ဒါပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ။
သေမင်း နှင့် စစ်ခင်းတဲ့အခါ ဘယ် သက်ရှိသတ္တဝါ က ရေရှည် အံတုနိုင်ကြလို့လဲ။
လူ ဆိုတာ သေမျိုး မဟုတ်လားဗျာ။
သို့ပေသော်လည်း လူဆိုတာ အသက် ရှည်အောင် နေထိုင်တတ်ဖို့ နှင့် အသေကောင်းဖို့ အရေးကြီးပါတယ်။
သူ ဘဝတစ်ပါး ပြောင်းသွားပြီ ဆိုတော့ ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ။
သူ ကောင်းရာမွန်ရာ ရောက်အောင် ဆုတောင်းပေးကြမယ်။
သူ့ကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးကြမယ်။
ကျန်ရစ်သူတွေ မှာ ဒါတွေပဲ လုပ်ပေးနိုင်ကြမယ် မဟုတ်လား။
ဒီတော့ ကျွန်တော်လည်း ကိုသက် ၏ နာရေးကိစ္စ ကို သူ့အား သိရှိသူတို့အား အသိပေးရပါတယ်။
ကိုသက် နာရေး ကို ဘယ်လို ကူညီနိုင်ကြမလဲပေါ့။
ခုချိန်ခုခါက မြန်မာနိုင်ငံသားအများစု ကို မေးလိုက်ရင် အရင်လို အဆင်မပြေကြဘူး ဆိုတာပဲ ပြောကြပါလိမ့်မယ်။
သို့ပေသော်လည်း ကျွန်တော် နှင့် ကိုသက် ခင်မင်ခဲ့ကြသူတွေက Cryptocurrency အနည်းငယ် ရှာဖွေတတ်ကြသူတွေ ဖြစ်ကြလေတော့ Hive ဖြင့် နာရေးကူကြပါတယ်။
အချို့ကတော့ မြန်မာငွေအချို့ ဖြင့် နာရေးကူကြပါတယ်။
ဒါက မွန်မြတ်တဲ့ အလုပ်တစ်ခုပါ။
ကျွန်တော်တို့ Hive Myanmar Community အနေဖြင့် ဟိုးယခင် စတင်စဉ်ကတည်းက ကျန်းမာရေးမကောင်းသော အဖွဲ့ဝင်များကို ကူညီခြင်း၊ နာရေးကူခြင်း၊ အလှူအတန်းပြုလုပ်ခြင်းများ ရှိခဲ့ကြပါတယ်။
ဤအစဉ်အလာကောင်းကိုလည်း ဆက်လက် ထိန်းသိမ်းချင်ပါတယ်။
ယနေ့တော့ သွားလေသူ ကိုသက်ကိုဇော် ကောင်းရာသုဂတိ လားရောက်ပါစေကြောင်း ဆုမွန်တောင်းရင်း နာရေးကူငွေများကို အောက်မှာ စာရင်းချပြလိုက်ပါတယ်။
| |10 HIVE|
| |5 HIVE|
| |3.5 HIVE|
| |1.9 HIVE and 2.6 HBD|
| |7 HIVE|
| |4 HBD|
| |5000 MMK|
| |5000 MMK|
|Kyaw Thu Hein |25000 MMK|
|U Arker Phyo |5000 MMK|
|U Thant Zin |10000 MMK|
| |10000 MMK|
|Ko Saw Lwin |20000 MMK|
|Tin Aung Soe|30000 MMK|
|Total |27.4 HIVE, 6.6 HBD and 110000 MMK|
Leader ကြီး ကိုဟင်နရီအောင် ကတော့ မနက်ဖြန်မှ လွှဲမည် ဆိုပါတယ်။
အားလုံးစုံရင် ကျန်ရစ်သူ မတင်မိုးခိုင် ဆီ ကိုသက် အတွက် အလှူဒါန ပြုရန် ပေးအပ်ပါမည်။
ကို သက် ရေ ...
ကောင်းမွန်ရာ ဘုံဘဝ မှာ ပျော်စံနိုင်ပါစေကွာ။
Tin Aung Soe