Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ Cryptocurrency လောက၏ ထိပ်တန်း Exchange တစ်ခုဖြစ်တဲ့ Binance Exchange တွင် ကျွန်တော်မလုပ်ဖြစ်သေးသော Binance account P2P Buy/Sell အကြောင်းအရာလေး လုပ်ဖြစ်ခဲ့ပါကြောင်း ပြန်လည်ရေးသား မျှဝေပေးခဲ့ချင်ပါသည်။
လွန်ခဲ့တဲ့ တစ်လလောက်ကစ၍ Binance account Myanmar P2P Buy/Sell အတွက် KBZ pay နှင့် ရောင်းဝယ်ခြင်း လုပ်မရတော့ပဲ Bank Transfer only သာ အသုံးပြု၍ ရပါတော့သည်။
ထိုအချိန်တုန်းက ကျွန်တော်၏ Binance account အား KBZ pay နှင့် လွယ်ကူစွာ ရောင်းဝယ်ခြင်းပြုလုပ်နေရာမှ အသုံးမပြု၍ မရတော့ပဲ ဒီအတိုင်းလေး Crypto currency စျေးနှုန်းတွေ ကြည့်ရင်း Binance P2P အပိုင်းအား မသုံးပဲ ထားခဲ့လိုက်ပါသည်။
သို့သော်လည်း ထိုအခြေအနေအား မြန်မာ binance အကောင့်ပိုင်ရှင်များမှ မည်သို့မည်ပုံ သုံးစွဲနိုင်ရန် ပြုလုပ်နေကြသနည်း ဆိုသော မေးခွန်းနှင့်အတူ facebook ပေါ်တွင် ရှာကြည့်သောအခါ KBZ pay နှင့် အသုံးပြုနိုင်သောနည်းကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
သို့သော် မလုပ်ဖြစ်သေးပဲ တစ်လကျော်ကြာတဲ့အခါ ယနေ့မှာတော့ ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ရာ KBZ pay နှင့် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ပထမဦးစွာ မိမိ Binance account မှ P2P Buy/Sell သို့သွားပြီး အောက်ကပုံအတိုင်း ပေါ်လာမည်ဖြစ်ပါသည်။
ပြီးပါက အပေါ်ဆုံး ညာဘက်ဒေါင့်က အစက်သုံးစက်ကိုနှိပ်လိုက်ပါ။ စာသားငယ်လေးများ ထပ်ပေါ်လာမည်ဖြစ်ပါသည်။
ထိုစာသားထဲမှ Payment methods ကိုနှိပ်လိုက်ပါ။
Add a payment method ဆိုတဲ့ စာမျက်နှာပေါ်လာမည်။
Add a payment method ကို နှိပ်လိုက်ပါက
Bank Transfer နှင့်အသုံးပြုရန် စာမျက်နှာပေါ်လာပြီး Bank Transfer ကို ရှာပြီး နှိပ်ပေးရုံသာ ဖြစ်ပါသည်။
ထိုနေရာ၌ Bank Transfer peru စသည်ဖြင့် အများကြီးရှိပါသည်။
မြန်မာနိုင်ငံအတွက်ဖြစ်၍ Bank Transfer နောက်တွင် ဘာမှ မပါတာကို ရွေးရမှာ ဖြစ်ပါသည်။
ထို့သို့ရွေးပြီးနှိပ်လိုက်ပါက မိမိဖြည့်သွင်းရမည့် စာမျက်နှာပေါ်လာပါမည်။
ပုံမှာမြင်ရသည့်အတိုင်း
Name နေရာတွင် မိမိအကောင့်နာမည် အဆင်သင့်ဖြည့်ပြီးသာ ဖြစ်ပါသည်။
Bank account number နေရာတွင် မိမိ KBZ pay ၏ ဖုန်းနံပါတ်ထည့်ပေးရမည်ဖြစ်ပါသည်။09----------
ထို့နောက် Bank name နေရာမှာတော့ Kbz Bank(Kbz Pay) ဆိုပြီး ရိုက်ထည့်လိုက်ပါ။
ပြီးသောအခါ comfirm လုပ်လိုက်ပါက ပြီးစီးသွားပြီး successful message ဝင်လာမည်ဖြစ်ပါသည်။
ထိုသို့ဖြင့် Binance Myanmar account များအာ အသုံးပြု၍ ရသော Bank Transfer နည်းကို KBZ pay account ဖုန်းနံပါတ် ထည့်ပြီး Add a payment method လုပ်လိုက်ခြင်းဖြင့် KBZ pay နှင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း...
စာရေးပြီးပြောရတာသာ များနေသလို ဖြစ်ပြီး အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက လွယ်ကူပါကြောင်း...
ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
7.11.2021(20:00)pm