Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ Google မှာ Hive engine token တစ်ခုအတွက် ရိုက်ရှာရင်း မိမိ ဖတ် မှတ်ခဲ့သော token အကြောင်းလေးများအား ပြန်လည်ရေးသား ပေးခဲ့ချင်ပါသည်။
ကျွန်တော်တို့သည် နေ့စဥ်နဲ့အမျှ Hive platform ပေါ်တွင် Post တင်ခြင်း...Vote ပေးခြင်း...Comment ပေးခြင်းများဖြင့် သုံးစွဲလာခဲ့ကြပါသည်။
ထိုသို့ သုံးစွဲသည့်အခါ မိမိတို့၏ post များတွင် သက်ဆိုင်ရာ tag များတွဲခြင်းဖြင့် token reward များ ရရှိနေကြသည် ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့၏ post များတွင် စနစ်တကျ မှန်ကန်စွာ tag တွဲ အသုံးပြုနိုင်ရန် လွန်စွာ အရေးကြီးပါသည်။
အောက်ပါ Token များသည် မည့်သည့် post မျိုးမဆို tag တွဲ အသုံးပြုနိုင်သော token များ ဖြစ်ပါသည်။
(1) Archon
tag တွဲသည့်အခါ #archon ဟု ရေးရပါသည်။
(2) Proofofbrain (POB)
tag တွဲသည့်အခါ #proofofbrain ဟု ရေးရပါသည်။
(3)Aeneas (ash)
tag တွဲသည့်အခါ #ash ဟု ရေးရပါသည်။
(4)Neoxian
tag တွဲစည့်အခါ #neoxian ဟု ရေးရပါသည်။
(5)Bilpcoin (BPC)
tag တွဲသည့်အခါ #bilpcoin ဟု ရေးရပါသည်။
(6)Hustler
tag တွဲသည့်အခါ #hustler ဟု ရေးရပါသည်။
(7)Trafficinsider (TIX)
tag တွဲသည့်အခါ #trafficinsider ဟု ရေးရပါသည်။
(8)Palnet (PAL)
tag တွဲသည့်အခါ #palnet ဟု ရေးရပါသည်။
(9)Creative Coin (CCC)
tag တွဲသည့်အခါ #creativecoin ဟု ရေးရပါသည်။
မှတ်ချက်-- #CCC ဟု ရေးတင်သော post
များတွေ့မိ၍ မိမိကိုယ်တိုင်လည်း လွန်ခဲ့သော နှစ်လခန့်က post တစ်ခုတင်ပြီး စမ်းသပ်ခဲ့ဖူးပါသည်။မိမိတင်သော post ထို website သို့ မရောက်သွား၍ token reward မရခဲ့ပါ။(D.BUZZ post အတွက် စားလုံးအရေအတွက် နည်းနိုင်ရန် စမ်းသပ်ခြင်း ဖြစ်သည်။)
ထို token အားလုံးတွင် Creative Coin တစ်ခုသည် ဖန်တီးမှုများနှင့် ဆိုင်သော လက်မှုပညာများ...ပန်းချီစသော အနုပညာများ...ဓာတ်ပုံများ... အချက်အပြုတ်များ စသည်ဖြင့် အကန့်အသတ် ဖြင့်သာ post တင် tag တွဲနိုင်သည်ဟု ဖတ်ခဲ့ရပါသည်။သို့သော်လည်း Creativecoin ကို လက်ရှိအချိန်အထိ post တိုင်းနီးပါး tag တွဲ ပြီး လက်တွေ့ အသုံးပြုနိုင်သဖြင့် ဒီခေါင်းစဥ်အောက်တွင် ထည့်သွင်းထားခြင်း ဖြစ်ပါသည်။
ထို post အားလုံးနီးပါး tag တွဲ နိုင်သော Token အားလုံးတွင် သိပ်မတွေ့ရပဲ အသုံးနဲသော token မှာတော့ Bilpcoin (BPC) token ဖြစ်ပါသည်။
ထို့ကြောင့် ထို Bilpcoin token လေးအား ယနေ့ စတင် tag တွဲ အသုံးပြုပြီး စမ်းသပ်ထားပါကြောင်း...ကျွန်တော် ဖတ်မှတ်ခဲ့ရသော token များအကြောင်း ပြန်လည်မျှဝေ လိုက်ရပါတော့သည်။
Leofinance မှစ၍ အခြားကျန်ရှိသော tokenများမှာ သူတို့၏ သတ်မှတ်ထားသော ကန်သတ်ချက်များဖြင့် အတိအကျ လိုက်နာပြီး စနစ်တကျ သုံးစွဲရမည်ဖြစ်ပါ၍ အလျဥ်းသင့်သလို ထပ်မံ ဖော်ပြပေးသွားပါအုံးမည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
28.10.2021(20:00)pm