Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ မုန်တိုင်းမိုးကလည်း မိုးလင်းကတည်းက သဲသဲမဲမဲကို ရွာနေပြီး တစ်နေကုန် မိုးကောင်းနေပါတော့သည်။မိုးကလည်းအေးနေတော့ ဟုတ်တိပတ်တိ ဘာမှမလုပ်ဖြစ်ပဲ အပျင်းတက်နေပါတော့သည်။
သို့ပေမဲ့ ပုံမှန်အတိုင်း Cryptocurrency စျေးနှုန်းများ သွားရောက်ကြည့်ရှုခြင်း...Hive engine token စျေးနှုန်းများ ကြည့်ရှုခြင်းနှင့် D.BUZZ တွင် post တင်ခြင်းများကိုတော့ လုပ်ဆောင်လျက်ရှိပါသည်။
အလုပ်များသော နေ့များတွင်လည်း ထိုကဲ့သို့ အနည်းဆုံး D.BUZZ တွင် post တင်နိုင်အောင် ကြိုးစားဆောင်ရွက်လေ့ရှိပါသည်။ထို့ကြောင့် Cryptocurrency coin/tokenများ၏ စျေးနှုန်းကြည့်ရှုခြင်းနှင့် Hive platform ပေါ် post တင်ခြင်းများသည် ယခုအခါ မိမိ၏ နေ့စဥ် လုပ်ဆောင်ရမည့် အရာတွေထဲမှာ ပါသလိုဖြစ်သွားပြီး အကျင့်လေးတစ်ခုလိုဖြစ်နေခဲ့ပါသည်။
မိမိအိပ်ရာထလျှင် သွားတိုက်...မျက်နှာသစ်... မနက်စာစား စသည်ဖြင့် တစ်ခုပြီးတစ်ခု အလိုလို လုပ်ဆောင်ရသည့်အရာများကဲ့သို့ပင် Cryptocurrency coin စျေးနှုန်းများ ကြည့်ရှုခြင်း...Hive engine tokenစျေးနှုန်းများ ကြည့်ရှုခြင်းနှင့် Hive platform ပေါ် post တင်ခြင်းများသည်လည်း တစ်ခုမလုပ်ရသေးပါက တစ်ခုခု လိုနေသလို ဖြစ်နေပါတော့သည်။
သွားတိုက်...မျက်နှာသစ်ပြီး ခဏနေပါက မနက်စာ စားရပါသည်။ထိုကဲ့သို့ မလုပ်ဖြစ်ပဲ မနက်စာ မစားသေးပဲနေပါက ဗိုက်ဆာနေသလိုဖြစ်ပြီး တစ်ခုခုလိုနေမှာ သေချာပါသည်။
အဲဒီလိုပဲ ယနေ့တွင် D.BUZZ တွင် postတင် ထားပြီးဖြစ်သော်လည်း မိမိတို့ Hive-Myanmar Community တွင် post မတင်ရသေး၍ နေမထိထိုင်မသာ ဖြစ်နေပါတော့သည်။
အမှန်တကယ်အားဖြင့် မိမိတွင် စာရေး ရန် စဥ်းစားထားသော အကြောင်းအရာမရှိသေး၍ မရေးတော့ဟု ဆုံးဖြတ်သော်လည်း စာရေး post တင်လိုက်မှသာ ဗိုက်ဆာတာပျောက်သလို ဖြစ်သွားမှာ ဖြစ်ပါသောကြောင့် ဒီစာလေးရေးပြီး post တင် မျှဝေလိုက်ရပါတော့သည်။
အရက်သမားတွေ...ဆေးသမားတွေ... စီးကရက်သမားတွေ...ကွမ်းသမားတွေ စသည်ဖြင့် ဆေးဆွဲနေကြသလို မိမိသည်လည်း စာမရေး...Post မတင်ပဲ မနေနိုင်အောင် ဘိန်းဆွဲနေသလို ဖြစ်နေပါကြောင်း...စာရေး post တင်ပြီးသွား၍ နေသာထိုင်သာရှိသွားပြီဖြစ်ပါကြောင်း ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
16.10.2021(20:00)pm