Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ စက်တင်ဘာလ (၁) {september-1}ရက်နေ့ဖြစ်ပြီး လစဥ်လတိုင်း၏ (၁)ရက်နေ့သည် Hive platform အတွက် Power Up Day ဟု သတ်မှတ်ထားသည့်အတွက် Power Up ရန် စိတ်ထဲရောက်နေပါသည်။
သို့သော်လည်း မိမိ Hive account တွင် Hive ပမာဏ မရှိသလောက်ဖြစ်နေပါသည်။မိမိတွင် ရှိသော Hive များအား PIZZA ဝယ်ယူခြင်း... LUV...BEER နှင့် SPT စသော မိမိကြိုက်သည့် token များ ဝယ်ယူနေသဖြင့် Power Up ချိန်တွင် 10 Hive coin ပင်မရှိပဲ ဖြစ်နေပါတော့သည်။
မိမိ၏Binance Exchange account တွင် Hive coin ချိန်းပြီးသား အဆင်သင့်ရှိသော်လည်း Withdrawl မရသဖြင့် လွှဲပြောင်းခြင်း မပြုနိုင်ပါ။
ထို့ကြောင့် မိမိ၏ ionomy exchange account မှ အနည်းငယ်ရှိသော coinများအား Hive သို့ trade ၍ ဝယ်ယူလိုက်ပါသည်။
ထို့နောက် မိမိ Hive account သို့ လွှဲယူပြီး 10 Hive coin တော့ မရရအောင် Power Up လိုက်ပါကြောင်း...
အနည်းငယ်သော ပမာဏဖြစ်ပေမဲ့ Power Up Day တွင် Power Up ချင်နေသောကြောင့် မရှိရှိတာလေး Power Up လိုက်ပါကြောင်း...
Power Up ပြီးမှသာ စိတ်ငြိမ်ပြီး နေသာထိုင်သာ ရှိသွားပါကြောင်း...
မီးတစ်နေကုန် ပျက်နေပါ၍ ဖုန်းအားနည်းနေသောကြောင့် ဒီလေါက်နဲ့ပဲ စာရေးခြင်းကို အဆုံးသတ်လိုက်ပါတယ် သူငယ်ချင်းတို့...
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
1.9.2021(20:00)pm