Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ...
ကျွန်တော်ငယ်စဥ်တုန်းကလည်း (8.8.1988) အရေးအခင်းကြောင့် စိတ်ခံစားမှု ဖြစ်စေခဲ့သော နေ့ရက် များကို တွေ့ကြုံခဲ့ရပြီး ဖြစ်ပေသည်။
ထိုအချိန်က ကလေးအရွယ်ဦးနှောက်လေးပဲဖြစ်၍ ခံစားခဲ့ရသည်ဆိုသော်လည်း ယခုလူကြီးဖြစ်လာသောအချိန် ကြုံတွေ့ ခံစားရသောအခါ ခါးသီးမှုများစွာ ဖြစ်နေတော့ပါသည်။
ထိုခါးသီးမှု...စိတ်မချမ်းသာမှုများအား ခါးသီးသောနေ့ရက်များခေါင်းစဥ်ဖြင့် အကျဥ်းချုံးလေး ရင်ဖွင့်ရေးသားခဲ့ချင်ပါသည်။
ပြီးခဲ့သော ၂၀၂၀ပြည့်နှစ် (၃)လပိုင်းမှစ၍ ကျွန်တော်တို့မြန်မာနိုင်ငံတွင် Covid-19 ရောဂါစတင်ကူးစက် ဖြစ်ပွါးခဲ့ပါသည်။ထိုအချိန်မှစ၍ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး ရောဂါအတွက်လိုအပ်သော နေထိုင်မှုပုံစံ...စားသောက်မှုပုံစံ စသည် ဆောင်ရန်...ရှောင်ရန်များကို မဖြစ်မနေ ကျင့်သုံး လိုက်နာဆောင်ရွက်ခဲ့ကြရပါသည်။
တစ်နိုင်ငံတည်းဖြစ်ပွါးခြင်းမဟုတ်ပဲ နိုင်ငံတိုင်းလိုလို ဖြစ်ပွါးနေတာဖြစ်သဖြင့် world diseaes ကပ်ရောဂါဘေးဟုခေါ်ဝေါ်ခဲ့ကြပါသည်။
ထို ရောဂါဟာ အလွန်ကြောက်စရာကောင်းပါသည်။
ရောဂါဖြစ်ပွါးပါက လူနာအား မိမိအိမ်တွင် ထား၍မရခြင်း...
မိမိတစ်ယောက်တည်း ကုသမှုခံယူရမည်ဖြစ်ပြီး အိမ်မှဆွေမျိုး ညီအစ်ကိုမောင်နှမပင် လိုက်၍မရခြင်း... သေသွားပါက နိုင်ငံတော်၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသောပုံစံအတိုင်း ရောဂါကူးစက်မှုအနည်းဆုံး ဖြစ်စေရန် သဂြိုလ်ခြင်းများဖြင့် နာရေးကိတ်စများမှအစ စည်းကမ်းချက်များဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြရပါသည်။
ရောဂါကူးစက်မှုနှူန်း မြင့်တက်လာသော အချိန်တွင် *မိမိနေအိမ်တွင်သာနေထိုင်ခြင်းများ (Stay at Home)...
*ရောဂါဖြစ်ပွါးသောလမ်းအလိုက် ရပ်ကွက်အလိုက် lock down များချမှတ်ထားရှိခြင်း...
*လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာအထိ နေထိုင်ပြောဆိုဆက်ဆံရခြင်း... *ဆေးပစ်စည်းများဝယ်ယူရန်/ဆေးခန်းသွားရန်မှအပ မလိုအပ်ပဲအပြင်မသွားရခြင်း...
*စျေးများပိတ်ခြင်း...
*ကျောင်းများပိတ်ခြင်း...
*ဘုရားစေတီ ပုထိုးများပိတ်ထားခြင်း...စသည်ဖြင့် အခြားများပြားလှသောစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်များဖြင့် ခက်ခက်ခဲခဲ တွေ့ကြုံဖြတ်သန်းခဲ့ကြရပါသည်။
ထိုသို့ ၂၀၂၀ပြည့်နှစ် (၃)လပိုင်းမှစ၍ ယခုအချိန်အထိ ခက်ခက်ခဲခဲ တွေ့ကြုံဖြတ်သန်းခဲ့ရသော နေထိုင်မှုတွေကိုဆက်လက်ရေးသားမျှဝေပေးပါအုံးမည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
14.6.2021(18:20)pm