Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ...
ကျွန်တော်၏ ခါးသီးသောနေ့ရက်များအား ဆက်လက်မျှဝေပေးပါအုံးမည်။
ထိုသို့ စည်းကမ်းချက်များနှင့် နေထိုင်မှု...စားသောက်မှုများကို စနစ်တကျ လုပ်ဆောင်ပြီး မိမိကိုယ်ကို ရောဂါမဖြစ်စေရန် ဂရုတစိုက် နေထိုင်ခဲ့ကြရပါသည်။
မိမိအလုပ်/အပြင် သွားပြီး ပြန်လာတိုင်း အိမ်တံခါးဝမှာပင် လက်ကို ဆပ်ပြာဖြင့် စက်ကန့် (၂၀) ကြာအောင် ဆေးကြောသန့်စင်ခြင်း...မိမိဝတ်ဆင်ထားသော အဝတ်အစားများကို ဆပ်ပြာရေစိမ်ခြင်း...mask လက်အိတ် faceshield စသည့် အသုံးအဆောင်များအား စနစ်တကျ စွန့်ပစ်ခြင်းဖြင့် မိမိနှင့် မိမိ၏မိသားစုအတွက် ရောဂါမကူးစက်နိုင်အောင် သတိထား ကာကွယ်ခဲ့ကြရပါသည်။
ထို့အပြင် ကြောက်တတ်သော ကျွန်တော့် အတွက် စျေးဝယ်ပြီး ပြန်လာတိုင်း လက်ထဲပါလာသမျှအားလုံး ပိုးသတ်ဆေးဖြန်းလို့ရသည့်အရာမှန်သမျှ ပိုးသတ်ဆေးဖြန်းပါတော့သည်။ကျွန်တော်၏ခါးကြားတွင်လည်း (hand cleaner)လက်သန့်ဆေးရည်ဗူး အမြဲ ဆောင်ထားပါသည်။
အိမ်အတွက် တစ်ပတ်စာ စျေးသွားဝယ်ပြီးပြန်လာတဲ့အခါတိုင်း အစားအသောက် အသားငါး အသီးအရွက် စသည်ဖြင့် အမျိုးစုံလင်လှသဖြင့် အသီးအရွက်များအား ဆားရေစိမ်ခြင်း... ဆပ်ပြာရေစိမ်လို့ရသော အရာများအား ဆပ်ပြာရေစိမ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ဂရုတစိုက် ဖြတ်သန်းခဲ့ကြပါသည်။
ထိုသို့ဖြင့် Covid-19 (first wave)ပထမလှိုင်း (second wave) ဒုတိယလှိုင်းများအား တစ်ရစ်ပြီး တစ်ရစ် ကြံ့ကြံ့ခံ တွန်းလှန်အနိုင်ယူခဲ့ကြပါသည်။
second wave ဒုတိယလှိုင်းဖြစ်သောအခါ ပထမလှိုင်းတုန်းက အတွေ့အကြုံရှိထားသဖြင့် ထိုအတွေ့အကြုံအတိုင်း စည်းကမ်းတကျ နေထိုင်ခြင်းဖြင့် မိမိကိုယ်ကို safe ဖြစ်အောင် ကြိုးစား ဖြတ်သန်းခဲ့ရပြန်ပါသည်။
ကျွန်တော်၏ဆုံးဖြတ်ချက်မှာ မိမိကိုယ်ကို safeဖြစ်အောင် နေထိုင်ခြင်းဖြင့် မိမိ မိသားစု မိမိရပ်ကွက် မိမိမြို့/ရွာ တိုင်း နိုင်ငံ စသည် နိုင်ငံသူ နိုင်ငံသားအားလုံး ရောဂါ အဖြစ်နည်းလာပြီး ကူးစက်မှုလျော့ကျစေခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်မည်ဟု ယူဆထားပါသည်။
ထို့ကြောင့် ထိုကာလများသည် မိမိအတွက် ခက်ခက်ခဲခဲနေထိုင်ရသည်ဟု စိတ်ထဲမှာ ခံးစားနေရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
16.6.2021(20:35)pm