Hive platform ပေါ်ရှိ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ...
ဒီနေ့တော့ ကျန်တော်နဲ့ Coinbase account အတွေ့အကြုံလေးကို မျှဝေပေးချင်ပါတယ်။
လွန်ခဲ့တဲ့ (၁)နှစ်ကျော်အချိန်လောက်က covid-19 ရောဂါ ကျွန်တော်တို့နိုင်ငံမှာလည်း စတင်ဖြစ်နေတဲ့အချိန်ကို အမှတ်တရ စိတ်ထဲရှိခဲ့ပါသည်။
ထိုအချိန်တုန်းက ကျွန်တော်အသုံးပြုနေသော Coinbase accountမှာ ဖုန်းဆင်းကဒ် ပျက်တဲ့ အဖြစ်အပျက် ကြုံတွေ့ခဲ့ရပါသည်။
ကျွန်တော်တို့အားလုံး online တွင်ရှာဖွေထားသော Crypto coin များကို သိမ်းဆည်းထားနိုင်ရန် Coinbase account အား ကိုယ်ပိုင် gmail တစ်ခု-phone ဆင်းကဒ် တစ်ခု စသည်ဖြင့် 2-step ခံပြီး မိမိရဲ့ တန်ဖိုးထားရသော Coinbase account လေးအားလုံခြုံစွာ ထားရှိသုံးစွဲ ကြမည်ဖြစ်ပါသည်။
ထို့ကြောင့် Coinbase account အသုံးပြုသောအခါ gmail နှင့် phone ဆင်းကဒ် နှစ်ခုစလုံးသို့ one time pass code နှင့် gmail link များရောက်ရှိပြီးမှသာ Coinbase account အသုံးပြုနိုင်သဖြင့် ကျွန်တော်အတွက် ဆင်းကဒ်ပျက်သောကြောင့် အခက်ကြုံရလေပြီ။
Coinbase account ဝင်သောအခါ phone ဆင်းကဒ်သို့ code ပို့လိုက်ပါပြီ ဆိုတဲ့ စာသားလေးမြင်ရရုံမှတစ်ပါး ဘာမှလုပ်မရဖြစ်နေတော့တာပေါ့။
ဖုန်းဆင်းကဒ် နံပါတ်ပြန်လျှေက်ဖို့ကြိုးစားရင်ကောင်းမလား ဒါမှမဟုတ် Coinbase account ဖုန်းနံပါတ်ပြောင်းနိုင်အောင် ကြိုးစားရင်ကောင်းမလား ဟိုလိုလို ဒီလိုလိုဖြစ်နေခဲ့ပါသည်။
လက်ရှိဆင်းကဒ်နံပါတ်အတိုင်း ပြန်ရရန် လုပ်ဆောင်ခဲ့သော်လည်း မိမိနေထိုင်သော ရန်ကုန်-ရွှေပြည်သာမြို့ထဲက ဆိုင်လောက်သာ သွားလုပ်သဖြင့် အဆင်မပြေခဲ့ပါ။
ထိုဆင်းကဒ်အား ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတွင် ပြန်လည်လျှောက်ထား၍ရနိုင်မှန်းသိသော်လည်း ထိုအချိန်က covid-19 ကူးစက်နှူန်း အရှိန်ကောင်းနေပါ၍ အပြင်မသွားရဲပဲ ဆင်းကဒ်နံပါတ် ပြန်မလျောက်နိုင်ခဲ့ပါ။
ဒါကြောင့် နောက်တစ်နည်းဖြစ်တဲ့ မိမိ Coinbase account ဆင်းကဒ်နံပါတ်ချိန်းဖို့ ကြိုးစားလေ့လာဖြစ်ခဲ့ပါသည်။
phone နံပါတ် ဆင်းကဒ်ချိန်းမည်ဆိုတော့ Coinbase account ထဲတွင် ပုံမှန်အတိုင်း အလွယ်တကူ ချိန်းနိုင်သော်လည်း account ထဲဝင်ဖို့ရာ login လုပ်ရာတွင်ပင် ဆင်းကဒ် ပျက်နေသောကြောင့် pass code မဖြည့်နိုင်သဖြင့် account ထဲဝင်၍မရပါ။
account login တွင်ပင် pass code ကျသော စာမျက်နှာ၌ ဆင်းကဒ်နံပါတ်ပြောင်းနိုင်သောစာသားအား တွေ့ရှိပြီး ထိုနေရာကိုနှိပ်၍ အဆင့်ဆင့်လုပ်ဆောင်နိုင်ရန် ဆက်လက်ကြိုးစားခဲ့ပါသည်။သို့သော်>>>>>>>?????
ကျွန်တော်ရဲ့အခက်အခဲ အတွေ့အကြုံလေးအား ဆက်လက်မျှဝေပေးပါအုံးမည်....
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
7.6.2021(17:50)pm