Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
ဒီနေ့တော့ မိမိတို့အဖွဲ့၏Messenger group ပေါ်တွင် နှင့်
တို့ တင်လာသော လူလိမ် comment ဓာတ်ပုံလေးတွေ ကြည့်ပြီး စာတစ်ပုဒ် ရေးသားပေးခဲ့ချင်ပါသည်။
ကျွန်တော်တို့အားလုံး internet လေးအသုံးပြုပြီး facebook...viber... wechat စသည်ဖြင့် များပြားသော social application များအား အသုံးပြုခဲ့ကြပါသည်။
ထိုသို့ အသုံးပြုရင်း Crypto လမ်းကြောင်းပေါ် / ယနေ့ Hive platform ပေါ်သို့ နည်းမျိုးစုံ...ပုံစံမျိုးစုံဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။
မိမိတို့ ဖြတ်သန်းလာသော အခြေအနေ အတွေ့အကြုံ သဘာဝချင်းတော့ တူညီနိုင်မည်မဟုတ်ပါ။
ကျွန်တော်တို့ ပတ်ဝန်းကျင် အပြင်လောကတွင် မှန်ကန်သောသူများ အများအပြားရှိသော်လည်း လူလိမ်များလည်း များပြားစွာ ရှိနေအုံးမည်ဖြစ်ပါသည်။
မိမိတို့၏ စီးပွါးရေးလုပ်ငန်းများတွင်၎င်း... အခြားမည်သည့်နေရာမျိုးတွင်မဆို အလိမ်အညာ လုပ်သော လူလိမ်များ အများအပြားရှိနေပါသည်။
ယနေ့ မိမိတို့ အသုံးပြုနေကြသော facebook social media များပေါ်တွင်လည်း နည်းမျိုးစုံဖြင့် လိမ်နေကြသော လူလိမ်များစွာရှိနေပါသည်။
ဥပမာလေးတစ်ခု သိသာအောင်ပြောခဲ့ချင်ပါသည်။
ကျွန်တော်တို့ crypto လောက စတင်ဝင်ရောက်လုပ်ကိုင်စဥ်က paid to click ဆိုဒ်...mining ဆိုဒ်...MMM ဆိုဒ် များသည်ပင် အနုနည်းနှင့် လိမ်သွားခြင်းကြောင့်သာ scam ဖြစ်သွားခြင်း ဖြစ်ပါသည်။
MMM ဆိုဒ်ဆိုရင် ငွေဘယ်လောက်သွင်းပါက တစ်နေ့ငွေ ဘယ်လောက်ရသည် စသည်ဖြင့် အနုနည်းဖြင့် စနစ်တကျ လိမ်သွားကြခြင်းဖြစ်ပါသည်။
နောက်တစ်ခု အပြင်လောကမှာရော/အင်တာနက်ပေါ်မှာရော စုငွေစုတဲ့ လိမ်နည်းလေး ဖြစ်ပါသည်။
လူတစ်ဦးက ဦးဆောင်ပြီး လူအယောက် (၃၀)... လူအယောက်
(၁၀၀)စသည်ဖြင့် တစ်လ တစ်သိန်းနှုန်း /ငါးသိန်းစသည်ဖြင့် ငွေစုကြခြင်းဖြစ်ပါသည်။
ထိုစုငွေအပေါ် လစဥ်သတ်မှတ်ထားသော အတိုးကြေးရရှိမည်ဖြစ်ပြီး စုငွေများနှင့် ရရှိမည့်အတိုးများအားလုံးကို တစ်နှစ်ပြည့်သောအခါ ငွေစုသောသူများထံသို့ ပြန်လည်ပေးအပ်မည်ဖြစ်ပါသည်။
ထိုနည်းလမ်း၏ အဓိကသော့ချက်က စုငွေများထိန်းသိမ်းဦးဆောင်မည့်သူသည် ငွေစုမည့်သူအားလုံး ယုံကြည်နိုင်လောက်သော သူတစ်ဦး ဖြစ်နေဖို့သာ လိုအပ်ပါသည်။
ထိုစုငွေကို ကိုင်ထားသောသူမှ ငွေများအားလုံးကို အတိုးပေးထားခြင်းများ လုပ်ဆောင်နိုင်သည်။
ပြောရရင်တော့ ဘဏ်သဘောနှင့်စဥ်တူပါသည်။
ငွေလည်းစုထားရင်း တစ်နှစ်ပြည့်သောအခါ အတိုးပါပြန်လည်ရရှိမည်ဟု မက်လုံးပေး ငွေစုခြင်းဖြစ်ပါသည်။
နောက်တစ်ဖြည်းဖြည်းနဲ့ စုငွေများလာပြီး တစ်နှစ်ပြည့်ခါနီးသောအခါ လိမ်ပြီး ပြေးပါတော့သည်။
ထိုနည်းဖြင့် သိန်းသောင်းဂဏန်းချီ၍ လိမ်သွားသောသူများ တွေ့ခဲ့ဖူးပါသည်။
ကျွန်တော်တို့ Hive platform တွင်လည်း အရမ်းခက်ခဲသော အခြေအနေများကြောင့်သာ လူလိမ်များအတွက် အခက်အခဲဖြစ်နေပြီး တစ်ခါတစ်ရံမှသာ ပေါ်လာခြင်းဖြစ်ပါသည်။
သို့သော် လူလိမ်များသည် နည်းမျိုးစုံအကြံထုတ်၍ နည်းမျိုးစုံဖြင့် ဝင်ရောက်လာနိုင်ပါသည်။
Hive platform ပေါ်တွင်လည်း အခြားသော platform တွေနဲ့ယှဥ်ပါက လူလိမ်နဲပါးနိုင်သော်လည်း လူလိမ်အနည်းငယ်တော့ရှိနိုင်ပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း Hive platform မရောက်မှီ steemit platform မှာတုန်းက တစ်ခါခံခဲ့ရဖူးပါကြောင်း...အရမ်းကြာသွားပြီ ဖြစ်၍ အသေးစိတ် မမှတ်မိတော့သောကြောင့် မပြောပြတတ်တော့ပါ။
steemit နှင့် Hive platform ပေါ်သို့ များသောအားဖြင့် မိမိတို့၏ post comment များမှတစ်ဆင့် အနီးစပ်ဆုံး ဝင်ရောက်လာတတ်ပါကြောင်း...
မိမိမသိသော စာသာအစိမ်းများ...မိမိမသိသော link များအား မဝင်မိစေရန် အရေးကြီးပါကြောင်း...
လူလိမ်များသည် နည်းမျိုးစုံဖြင့် ရောက်လာတတ်ပြီး မိမိ account အားချက်ချင်းဝင်ရောက်ကာ ရှိသမျှ ထုတ်သွားတတ်ပါကြောင်း...သတိထားနိုင်ကြစေရန် ပြန်လည် ရေးသားမျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
10.10.2021(20:00)pm