Hive platform ပေါ်ရှိ ညီအစ်ကို မောင်နှမများအားလုံး မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ...
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ်မာ အခါတော်နေ့သည် ကျွန်တော်တို့ မြန်မာလူမျိုး... မြန်မာပြည်အတွက် ထူးခြားတဲ့ အထွဋ်အမြတ် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါသည်။
ထိုကဲ့သို့ နေ့ထူးနေ့မြတ်တွင် ကုသိုလ်တိုးပွါးစေရန် မနက်ပိုင်းတွင် မိမိအိမ်၏ ဘုရားတွင် ဆွမ်း ပန်း ရေချမ်းကပ်လှူ ပူဇော်ခြင်း...မိမိနိုင်သလောက် တရားထိုင်ခြင်း စသည်ဖြင့် အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါသည်။
ဒီနှစ်မှာတော့ မိဘများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် မကန်တော့နိုင်သည့်အတွက် စိတ်ထဲကနေပဲ ကန်တော့ပြီး ကုသိုလ်ယူနေရပါသည်။
နေ့လည်ပိုင်းမှာတော့ အိမ်၏ အချက်အပြုတ် အလုပ်များ ဝိုင်းကူလုပ်ဆောင်ခြင်း...မီးပူတိုက်ခြင်း...စသည်ဖြင့် စိတ်လေးအေးချမ်းပြီး အခြားအာရုံများ မဝင်နိုင်အောင် ထိန်းသိမ်းဖြတ်သန်း နေထိုင်ခဲ့ပါသည်။
ညနေပိုင်းမှာတော့ လေ့ကျင့်ခန်းလေးရအောင် လမ်းလျှောက်ရင်း ညနေ နေဝင်ဆည်းဆာ အချိန်လေးကို ကြည့်နိုင်သော နေရာအထိ သွားရောက်ခဲ့ပါသည်။
လတ်ဆတ်တဲ့လေးများကို ရှူရှိက်ရင်း လှပတဲ့ နေဝင်ချိန်လေးကို ကြည့်ပြီး စိတ်အပန်းဖြေရတာကို အရမ်းကြိုက်နှစ်သက်ပါသည်။
ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်း ကိုလည်း အေးအေးဆေးဆေး လှပသော နေဝင်ချိန်အလှအပနှင့် လမ်းတစ်လျောက်ရှုခင်းလေးများ ကြည့်ရင်း ဖြတ်သန်းခဲ့ပါကြောင်း...
နေ့ထူးနေ့မြတ် တစ်နေ့တာကို စိတ်အေးချမ်းစွာဖြင့် ကုသိုလ်ရသလောက်ယူပြီး ဖြတ်သန်းနေပါကြောင်း...
ယနေ့ညတွင်လည်း ဘုရားရှိခိုး တရားထိုင်ခြင်းများဖြင့် ဖြတ်သန်းကုန်ဆုံးမှာဖြစ်ပါကြောင်း...သီတင်းကျွတ် လပြည့်နေ့ တစ်နေ့တာ ဖြတ်သန်းနေပုံ လေးအား ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသောနိုင်ငံ အမြန်ဆုံးရရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
20.10.2021(20:00)pm