မင်္ဂလာပါ။
မနေ့က ကျွန်တော်၏ သားကြီး၏ KG ကျောင်းဆင်းပွဲ ကျင်းပခဲ့ပါသည်။
ကျောင်းဆင်းပွဲ၌ ကလေးများက အကများဖြင့် ဖျော်ဖြေကြပါသည်။
ကျွန်တော်တို့ မိသားစု လေးယောက် အတူသွားကာ အားပေးခဲ့ကြပါသည်။
ကျောင်းဆင်းပွဲ၌ သားကြီးသည် ဘက်စုံထူးချွန် ပထမဆု ရရှိခဲ့ပါသည်။
သားကြီး သည် KG သင်တန်းပြီးဆုံးကြောင်း လက်မှတ်လည်း ရယူခဲ့ရသည်။
ဒီနေ့မှာပဲ သားကြီး၏ ကျောင်းဆင်းပွဲအမှတ်တရပုံများကို ဒီမှာ ဖော်ပြရင်း သိမ်းဆည်းလိုက်ရပါသည်။