Have a nice day!

ဘဝက သာသာယာယာပါပဲ။
နေတတ်ရင် ကျေနပ်စရာပေါ့။
ကောင်းကင်ကြီးကလည်း မိုးတိမ်တွေနဲ့ လှပနေတယ်လေ။
မိုးရွာထားတာ မကြာသေးတော့ နေက သိပ်မပူဘူးပေါ့။
နေမပူမှပဲ နေထိုင်ရတာ သက်သာ သာယာတယ်။

တိမ်တွေအောက် ခရီးသွားရတာလည်း သာသာယာယာပဲ။
အပျော်ခရီး မထွက်နိုင်သေးပေမယ့် ဘယ်လို ခရီးမဆို ပျော်ပျော် သွားနိုင်ရမယ်လေ။
မနေတတ်ရင်တော့ ဘဝက ပူလောင်စရာတွေ ကြုံမှာပဲ။
ဒီတော့ ကိုယ့်ဘာသာ သာယာနေလိုက်တာပဲ။