မင်္ဂလာပါ။
တပေါင်းနွေ ကတော့ တပေါင်း ပီသအောင် ပူခြစ်တောက် နေတာပါပဲ။
နွေနေ ပူပူထဲ အေးရိပ် ရှာချင်သော်လည်း အခြေအနေက မပေးသေးပါဘူး။
မိမိ စားဝတ်နေရေး အတွက် ရှာဖွေနေရ သလို တော်လှန်ရေး အတွက် မစို့မပို့လေး လှူနိုင်အောင် မနည်း ကြိုးစား နေရပါတယ်။
HIVE မှာလည်း လျှပ်စစ်မီး နှင့် ဖုန်းဘေ ကြောင့် အချိန် အများကြီး မပေးနိုင်သလို ပုံလှလှလေးတွေလည်း အသစ်ရိုက် မတင်နိုင်တော့ ဝင်ငွေ မကောင်းချင်ရှာဘူး။
Hive ဈေးလေး ကတော့ ဟိုယခင် အချိန်တွေနဲ့ စာရင် ကောင်းနေတယ်ဟုပဲ ပြောချင်ပါတယ်။
Hive မှာ တစ်လ HBD 200 လောက် ရှာဖွေနိုင်ရင်တော့ စားဝတ်နေရေး စိတ် မပူရဘူးပေါ့။
ဒီလိုကြောင့်သာပဲ မဖြစ်ညစ်ကျယ် ပုံလေးတွေနဲ့ ပို့စ်တစ်ခု နေ့စဉ် တင်နိုင်အောင် လုပ်ဆောင်နေရ ပါတယ်။
ဒီတော့လည်း ပုံဟောင်းလေးတွေ ဒီမှာ တင်နေတာကို ဗွေမယူကြဖို့ တောင်းပန်ပါတယ်။
ပုံဟောင်းလေးတွေ ဆိုပေမယ့် ဒီမှာ မတင်ရသေး၊ မမြင်ဖူးရင် အသစ်ပဲ မဟုတ်လား။
သားသား ပုံလေးတွေနဲ့ လုပ်စားနေတယ်တော့ မထင်ပါနဲ့နော်။
ဒီအကောင့်လေးက သားသား နောင်ရေးအတွက် သုံးနေတာမို့ပါဗျာ။
ခု တင်လိုက်တဲ့ ပုံလေးတွေက မန္တလေး ရောက်တုန်း အမှတ်တရ ရိုက်ယူထားတာပါ။
ရောက်ရာ အရပ်မှာ ပုံများများ စုနိုင်မှ ပို့စ်များများ တင်နိုင်မယ် မဟုတ်လား။
မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာ၊ ပျော်ရွှင်ကြပါစေ။