ဒီနေ့postမှာတော့မနေ့ကမပြီးခဲ့သောအလုပ်အပိုင်းလေးအကြောင်းကိုဆက်တင်ဆက်ပေးပါမယ်
ဒီနေ့မှာတော့အလုပ်လုပ်နေရင်းရယ်စရာလေးတွေရှိခဲ့သလိုစိတ်ညစ်စရာအနည်းငယ်ရှိခဲ့ပါတယ်ရှည်ရှည်ဝေးဝေးတွေမပြောတော့ဘဲအကြောင်းကိုဆက်လိုက်ရအောင်အလုပ်ကိုစရောက်တဲ့အချိန်မှာမနေ့ကတပ်ဆင်ထားတာတွေပြီးသွားတဲ့နောက်မှာဆိုလာချပ်တွေတပ်ထားသောနေရာကနေဆိုလာကြိုးတွေပြေးဖို့ကျွန်တော်တို့ပြင်ဆင်ခဲ့ပါတယ်ပုံနဲ့တစ်ကွရှင်းပြပေးပါမယ်ခင်ဗျ
ပုံမှာပါတဲ့သူနှစ်ယောက်ကကျွန်တော်နဲ့အလုပ်အတူတူလုပ်တဲ့အကိုနှစ်ယောက်ပါကျွန်တော့်ဆရာတွေလို့လဲပြောရပါတယ်အခုသူတို့လုပ်နေတာကဆိုလာချပ်ကနေဆင်းလာတဲ့ဆိုလာကြီုးအတွက်အပေါက်ဖေါက်နေတာပါအစကတော့ဖောက်ရတာလွယ်တယ်လို့တင်ပြီးသူတို့နှစ်ယောက်ထဲဖေါက်နေခဲ့ပါတယ်ဒါပေမယ့်အပေါက်ကတော်တော်နဲ့မပေါက်တော့လူငယ်ဖြစ်တဲ့ကျွန်တော်ပါဝင်ကူဖောက်ပေးပါတယ်ကျွန်တော်လည်းကျွန်တော်လုပ်ရမည့်အပိုင်းကတာဝန်ကိုခနရပ်လိုက်ပြီးကူဖောက်ပေးပါတာအစကတော့စနောက်ပြီးအပေါက်မပေါက်တာကိုရယ်စရာအနေနဲ့ပြောနေရင်းနာရီဝက်လောက်ကြာအောင်ကျွန်တော့်အားနဲ့ဖောက်တာတောင်အပေါက်ကအရာတောင်မထင်ပါဘူး(အိမ်ဆောက်တဲ့သူတွေတော်ချက်😂)
ကျွန်တော်တို့လည်းဒီအပေါက်လေးဖောက်တာကိုအချိန်တအားပေးနေရလို့တစ်ခြားအလုပ်တွေလည်းရှိသေးလို့အပေါက်ဖောက်တာခနရပ်ပြီးတစ်ခြာူလုပ်စရာရှိတာတွေဆက်လုပ်ခဲ့ပါတယ်
ပြီးသွားတော့မှအပေါက်ပြန်ဖောက်မယ်ဆိုပြီးလည်းလုပ်ရောအပေါက်ကအိမ်တွေမှာဆောက်ရင်ဘင်းထုတ်ရှိပါတယ်အဲ့နေရာကအရမ်းလည်းမှာသလိုတော်တော်နဲ့မတိုးပါဘူးအစကတော့အဲ့လိုထင်ပြီးနေရာပြောင်းပေါက်အသစ်လည်းအဲ့ဒီအတိုင်းဆိုတော့ကျွန်တော်လည်းရုတ်တစ်ရက်အပေါက်ကိုတူနဲ့ထုလိုက်တာအထဲကကျောက်စရစ်တွေထွက်လာတာတွေ့ရပါတယ်ဆိုတော့သေချာအောင်အုတ်ဖောက်စက်နဲ့အရင်မဖောက်ဘဲဆောက်နဲ့တူနဲ့ထုကြည့်မှတစ်ခုချင်းဆီကြွေကျလာပါတယ်ကျွန်တော်တို့လည်းလုပ်ပုံလုပ်နည်းသိသွားတော့မြန်မြန်လေးအဖောက်ကိုရအောင်ဖောက်ပြီးဆိုလာကြိုးတွေကိုဆွဲခဲ့ကြပါတယ်
အပေါက်ဖောက်တာနဲ့တင်ကြာသွားတော့ဆိုလာကြိုးတွေရောတစ်ခြားအလုပ်နည်းနည်းလေးလုပ်ဖို့ကျန်ခဲ့ပါတယ်အပြီးသတ်မပြီးခဲ့ပါဘူးပြီးတော့လည်းဓာတ်ပုံကအသေအချာမရိုက်ခဲ့လိုက်ရတော့ဒီပုံတွေကလွဲရင်တစ်ခြားပြစရာပုံမရှိတာပါနောက်နေ့မှဘဲupdateအသစ်တင်ရင်နဲ့ပြပေးပါမယ်ခင်ဗျဒီနေ့လုပ်ခဲ့တဲ့အလုပ်ကတော့အေပါက်ဖောက်နေတာနဲ့တင်တစ်နေကုန်သွားခဲ့ပါတယ်😅
အားလုံးကိုနောက်နေ့မှဘဲအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်
See ya👋