မနေ့ကအလုပ်ကပြန်ရောက်တော့ပင်ပန်းတာနဲ့အိပ်ပျော်သွားလို့postမတင်ဖြစ်ခဲ့ပါဘူးဒီနေ့မှာတော့မနေ့ကလုပ်ခဲ့သောအလုပ်တစ်ခုအကြောင်းကိုပြောပြပါမယ်
မနေ့ကဆေးcompanyတစ်ခုမှာဆိုလာသွားရောက်တပ်ဆင်ခဲ့ကြပါတယ်အလုပ်ကတော့အစပိုင်းမှာနေရာချတပ်မယ့်နေရာကိုကြည့်ကြိုးတွေပြေးမယ့်designတွေကိုplanချကြပါတယ်နောက်ဆုံးအတည်တကျဖြစ်တော့မှလုပ်ကိုင်ခဲ့ကြပါတယ်မလုပ်ခင်ကကျွန်တော်တို့နေရာချနေသောပုံကိုပြပါမယ်
ကြိုးပြေးမယ့်အပိုင်းမှာတော့ဆိုလာချပ်တွေကခေါင်ပေါ်မှာထားတဲ့နောရာကဝေးတော့နေရာချတာကိုအသေအချာစဉ်းစားပြီးလုပ်ခဲ့ပါတယ်
ဆိုတော့ကျွန်တော်တို့တပ်မယ့် solar inverter လေးအကြောင်းနည်းနည်းပြောပြပါမယ်ဆိုလာချပ်ကစုစုပေါင်း24ချပ်ရှိပါတယ်ဆိုတော့တစ်ချပ်ကို580Wရှိပါတယ်ဆိုတော့စုစုပေါင်းWatts14000ရှိပါတယ်အဲ့ဒါကြောင့်ကျွန်တော့်တို့တပ်ခဲ့ရတဲ့solar inverter က15KWကိုတပ်ဆင်ပါတယ်Batteryကတော့280Ah (3)လုံးပါပါတယ်Solar joint boxကနှစ်ခုပြီးတော့Ac main boxကြီးတစ်လုံးပါပါတယ်တပ်ရမယ့်ပစ္စည်းကများပါတယ်ဒီနေ့လည်းလုပ်ခဲ့ရပါတယ်မနေ့ကတစ်ရကဒီနေ့တစ်ရက်ဒီအလုပ်ကိုလုပ်ခဲ့ကြရပါတယ်ဒါတောင်မှမပြီးသေးပါဘူးအလုပ်တွေကကျန်ပါသေးတယ်အဲ့အကြောင်းတွေရဲ့အလုပ်လုပ်ခဲ့တဲ့ပုံတွေကိုလည်းမနက်ဖြန်postမှာတင်ပေးပါမယ်အလုပ်ကတော့Inverterကတပ်တယ်solar joint boxတပ်တယ်batteryများနေရာချတယ်အဲ့ဒီလုပ်ခဲ့တဲ့အလုပ်တွေတဲ့မှတ်တမ်းမှတ်ရာကိုပြပါမယ်
ထွေထွေထူးထူးတော့လုပ်တာတွေပုံထဲမှာမပါပေမယ့်ပစ္စည်းတွေကအလေးကြီးတွေဆိုတော့လုပ်ရတာတယ်ပင်ပန်းပါတယ်
ဒါတောင်အလုပ်တွေကမပြီးသေးပါဘူး😞ဒီနေ့လုပ်ခဲ့တာနဲ့မနေ့ကလုပ်ခဲ့သောအလုပ်ကတော့ဒါပါဘဲမနက်ဖြန်မှဆက်လင်တင်ပေးပါမယ်
Goodnight 😘