ဒါကတော့ ကျွန်တော့အဘွားပါ။ အဘွားက အသက် ၇၀ ကျော်ပါပြီ။ အဘွားက အိမ်မှာအပင်တွေ အများကြီး စိုက်ထားပါတယ်။ ကျွန်တော်ငယ်ငယ်က အဘွားက အပင်စိုက်ရတာကြိုက်လို့ အပင်တွေစိုက်ထားတာလို့ တွေးခဲ့မိပါတယ်။ (ဟုတ်လည်း ဟုတ်နိုင်ပါတယ်။) ဒါပေမဲ့ ကျွန်တော် Grade 4 ရောက်တော့ နားလည်သွားခဲ့ပါတယ်။
Grade 4 မှာ ''စေတနာ'' ဆိုတဲ့ ပုံပြင်ကို ဖတ်ရပါတယ်။ ပုံပြင်ကို ကျွန်တော် ပြောပြပါမယ်။
တစ်ခါတုန်းက အဘိုးတစ်ယောက် ရှိပါတယ်။ တစ်နေ့ အဘိုးအိမ်ရှေ့မှာ သရက်ပင် ငယ်လေးတွေ စိုက်နေတုန်း မင်သားတစ်ပါး အဘိုးဆီရောက်လာပါတယ်။ အဘိုးကလဲ သရက်သီးတွေနဲ့ ဧည့်ခံပါတယ်။ မင်းသားက သရက်သီးတွေစားပြီး ''သရက်သီးတွေက စားလို့ကောင်းပါတယ်။ ကျွန်တော်တစ်ခုလောက် မေးပါရစေ။ ကျွန်တော်လာတုံးက အဘိုး ဘာအပင်တွေ စိုက်နေတာလဲ?'' လို့မေးတယ်။ အဘိုးကလဲ ''သရက်သီးပင်လေးတွေ စိုက်နေတာပါ။'' လို့ပြောတယ်။ မင်းသားက ''အဘိုးအသက် ဘယ်လောက်ရှိပြီလဲ?'' လို့ဆက်မေးတယ်။ ''ကျွန်တော် အသက် ၈၀ ရှိပါပြီ။" လို့ပြန်ဖြေလိုက်တယ်။ မင်းသားက ''အခု အဘိုးစိုက်နေတဲ့ သရက်သီးကို အဘိုးစားဖို့ မျှော်လင့်နေတာလား? ကိုယ့်အတွက် အကျိုးမရှိတာတွေလုပ်နေတာ ကောင်းသလား?" ဆိုပြီးမေးတယ်။ အဘိုးက ''အခု မင်းသားစားနေတဲ့ သရက်သီးကို ကျွန်တော့ ဘိုးဘေးတွေ စိုက်ခဲ့လို့ပါ။ ကျွန်တော်အခု စိုက်ပျိုးနေတဲ့ သရက်ပင်ကလေးတွေ ကြီးပြင်းလာရင် ကျွန်တော်ရဲ့ နောင်လာနောက်သားတွေ စားသုံးနိုင်လို့ပါ။'' လို့ပြောလိုက်ရော မင်းသားက ''အဘိုးရဲ့စကားက မှတ်သားစရာပါပဲ။ ကျွန်တော် မစဉ်းစား မဆင်ခြင်ဘဲ ပြောမိခဲ့လို့ တောင်းပန်ပါတယ်။ ကျွန်တော်လဲ အဘိုးလို နောင်လာနောက်သားတွေအတွက် အကျိုးရှိတဲ့အလုပ်ကိုသာ လုပ်ပါတာ့မယ်။'' လို့ပြောတယ်။ ဒီလိုနဲ့ပဲ ပတ္တမြားလက်စွပ်ကို ပေးပြီး ထွက်ခွာသွားပါတော့တယ်။
ဒါတွေကတော့ အဘွားစိုက်ထားတဲ့ အပင်တွေပါ။ တစ်ချို့ကအသီး သီးတဲ့အပင်တွေဖြစ်ပြီး တစ်ချို့ကတော့အသီး မသီးပါဘူး။