Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
The photo I want to share with you this week is of a magnificent and beautiful Hindu temple. This magnificent Hindu temple is not located in Myanmar. It is the Swarved Mahamandir, a large temple complex located near the city of Varanasi, India.
I would like to share some interesting facts about this great temple. This is to the best of my knowledge. Please forgive me if there are any mistakes.
This temple is known to be the largest meditation center in the world. It can accommodate about 20,000 people at a time. The temple is a seven-story structure with over 4,000 verses from the Swarved scripture written by the great monk Sadguru Svami Swatantradevji Maharaj carved on its walls. The domes of the temple are shaped like lotus petals and are magnificently built of white marble.
Friends, this may seem strange. I took this photo a few days ago when I was visiting Varanasi, India. I took a lot of photos while I was in India. I will continue to share more photos in future competitions.
မိတ်ဆွေတို့ကို ဒီတပတ်မျှဝေပေးချင်တဲ့ ဓာတ်ပုံက ခမ်းနား ထည်ဝါပြီး လှပတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်း ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီ ခမ်းနားထည်ဝါတဲ့ဟိန္ဒူဘုရားကျောင်းက မြန်မာနိုင်ငံမှာတည်ရှိနေတာမဟုတ်ပါဘူး။ ဒါက အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ (Varanasi) မြို့အနီးမှာ တည်ရှိတဲ့ Swarved Mahamandir (သွာဗက် မဟာမန္ဒာ) တရားရိပ်သာ ဘုရားကျောင်းကြီး ဖြစ်ပါတယ်။
ဒီကျောင်းတော်ကြီးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်အလက်အချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒါက ကျွန်တော်သိသလောက်သာ ဖော်ပြပေးခြင်းဖြစ်ပါတယ်။ အမှားအယွင်းတွေပါလာခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါ။
ဒီဘုရားကျောင်းကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော တရားထိုင်ရာ နေရာ (Meditation Centre) တစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။ တစ်ကြိမ်တည်းမှာတင် လူပေါင်း ၂၀,၀၀၀ ခန့် တရားထိုင်နိုင်ပါတယ်။ ဗိသုကာလက်ရာအနေနဲ့ ကျောင်းတော်ကြီးကို အထပ်ပေါင်းခုနစ်ထပ် တည်ဆောက်ထားပြီး နံရံတွေပေါ်မှာ သာသနာပြု ပုဂ္ဂိုလ်ကြီး Sadguru Svami Swatantradevji Maharaj ရေးသားခဲ့တဲ့ Swarved ကျမ်းစာထဲက လင်္ကာပေါင်း ၄,၀၀၀ ကျော်ကို ထွင်းထုထားေကြာင်းသိရှိခဲ့ရပါတယ်။ ဘုရားကျောင်းတော်ကြီးရဲ့ အမိုးခုံးတွေဟာ ကြာပန်းဖူးပုံသဏ္ဌာန် ဖော်ဆောင်ထားပြီး အဖြူရောင် စကျင်ကျောက်တွေနဲ့ ခမ်းနားစွာ တည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။
မိတ်ဆွေတွေအနေနဲ့ ထူးဆန်းသွားမယ်ထင်ပါတယ်။ ဒီဓာတ်ပုံကို လွန်ခဲ့တဲ့ရက်အနည်းငယ်က အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ကို အလည်အပတ်ရောက်ရှိခဲ့စဉ်ရိုက်ယူခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကိုရောက်ရှိနေတုံး ဓာတ်ပုံများစွာရိုက်ယူခဲ့ပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေမှာ ဓာတ်ပုံတွေကို ဆက်လက်မျှဝေငပးချင်ပါတယ်။
The photo below is the contestant photo for this week's Around The World Challenge #48/6.
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #48/6. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -