စာရေးမယ်လို့တွေးလိုက်တိုင်း ခုနေခါမှာ
ဖြစ်ပျက်နေသည့် နိုင်ငံရေးအကြောင်းတရားများ
က ဦးစွာနေရာယူနေသည်။ နိုင်ငံရေးတွေ
မရေးရပါဘူးလို့ ပြောထားလျှက်နဲ့ ရေးမိတာ
လွန်သလိုဖြစ်သွားသည်။ ကိုယ်လည်းထိန်း
ရေးသည့်ကြားမှ ခေါင်းထဲ ဒီဟာတွေကြီး
နေရာယူနေတော့ ရေးမိသည်။
အလွန်ကြီးမဟုတ်တောင် နည်းနည်းအဖျားခတ်
သွားသည်။ ခုနေမှာလည်း မြန်မာနိုင်ငံရေးနှင့်
ကိုဗစ်ပျောက်ဆေးက သတင်းထူး၊ သတင်းဦး
ဖြစ်နေသည်။ ရုရှားနိုင်ငံက ဦးစွာကိုဗစ်ကာကွယ်
ဆေးဖော်ထုတ်နိုင်ပြီးဟု သတင်းများတွင်ဖတ်ရသည်။ သေချာရေရာမှုရှိ၊ မရှိ စောင့်ကြည့်ရပေမည်။
အမှန်တကယ် ပျောက်ကင်းမှုရှိ၍ ဘေးထွက်အန္တရာယ်မရှိပါက မင်္ဂလာသတင်းဖြစ်ပေသည်။
ကိုဗစ်ကြောင့် ကမ္ဘာလောကသူ၊ လောကသားများ
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေကြသည်။
ကျွန်တော်တို့မြန်မာနိုင်ငံမှ လူများသည်ပင်
ရောဂါ၏နှိပ်စက်မှုကို နည်းပါးစွာ ခံခဲ့ရသည်ပင်
ကျန်မာရေး၊ လူမှုရေး၊ စီးပွားရေးများ များစွာ
နစ်နာဆုံးရှုံးခဲ့ရသည်။ သူရို့ဆီမှာ ကိုဗစ်၏
ရိုက်ခတ်နှိပ်စက်မှုက များပြား၍ အတော်ဆိုးဝါး
ကြပေမည်။
ကိုဗစ်ရောဂါပျောက်ဆေး၊ ကာကွယ်ဆေးများ
လျှင်မြန်စွာတွေ့ရှိပါစေ။ မည်သည့်နိုင်ငံက
တွေ့တွေ့ အမြန်ဆုံး တွေ့စေချင်ပါသည်။
ဈေးလည်းသက်သာပါစေ။
ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာဝပြောမှ
ကမ္ဘာသူ၊ ကမ္ဘာသားများလည်း Crytocurrency
ကို စိတ်အေးချမ်းစွာ ပါဝင်ဆောင်ရွက်နိုင်မှာ
ဖြစ်သည်။ ဒီအခါမှာ ကျွန်တော်တို့ရဲ့ hive
လည်း ဈေးများတက်လာမှာဖြစ်သည်။
Hive များဈေးတက်သည့်အခါ မယုံကြည်နိုင်လောက်အောင်တက်ပါစေ။ hive-myanmar အဖွဲ့သားများလည်း လက်ဖျားဒေါ်လာသီးနိုင်ပါစေ။
ကိုဗစ်ရောဂါပျောက်ဆုံး၍ hive-myanmar
တွေ့စုံပွဲများကိုလည်း အာဆီယံနိုင်ငံများသို့ အလှည့်ကျ ကျင်းပနိုင်ပါစေ။
ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံးလည်း
ကျန်းမာချမ်းသာကြပါစေ။